Matthewလဲအိမ်ရောက်တော့ရေချိုးပြီးကျန်တဲ့အလုပ်ကိုဆက်လုပ်နေတယ်။သူစိတ်ပါပါနဲ့လုပ်လိုက်တာည1နာရီကျော်သွားပြီ။ခဏကြာတော့ Matthewလဲအိပ်ရာထဲဝင်ခဲ့တယ်။
မနက်ကျတော့သူအလန်းမြည်လို့နိုးလာတယ်ပြီးတော့လုပ်စရာရှိတာလုပ်ပြီးရုံးသွားဖို့ပြင်နေတုန်းစာတစောင်ဝင်လာတယ်။အဲ့စာကိုကြည့်လိုက်တော့madiဖြစ်နေတယ်။
Madiပို့ထားတာက"ဒီနေ့ဖြစ်ဖြစ်မနက်ဖြန်ဖြစ်ဖြစ်အားလားအားရင်တရက်လောက်အပြင်သွားရအောင်"ဆိုပြီးတော့ပို့ထားတယ် ။
Matthewကတော့madiကိုငြင်းချင်နေလို့"ဒီနေ့ညနေအားတယ်ဘယ်သွားမလဲ"ဆိုပြီးစာပြန်ခဲ့တယ်။
Madiကလဲဒီဆိုင်သွားမယ်ဆိုပြီးလိပ်စာပို့ပေးထားတယ်။
Matthewလဲစာပြန်ပြီးတော့ရုံးသွားခဲ့တယ်။ညနေကြတော့ချိန်းထားတဲ့နေရာဆီကိုသွားခဲ့တယ်ဒီတခေါက်ကတော့သူအရင်ရောက်နေတာပါ"
ကော်ဖီတခွက်မှာပြီးခုံစီသွားနေတုန်းကောင်လေးတယောက်နဲ့တိုက်မိသွားတယ်။
"အာအဆင်ပြေရဲ့လားမသိဘူးခဗျ"ဆိုပြီးအသံလေးကို Matthewကြားတော့လှည့်ကြည့်လိုက်တဲ့အချိန်မှာအပြာရောင်မျက်လုံးနဲ့ကောင်လေးကိုတွေ့လိုက်ရတယ်။
သူကလဲကောင်လေးကိုစကားပြန်ပြောပြီးနောက်တခွက်ထပ်မှာခဲ့တယ်။
"ဒီမှာခဗျားဟာဒါနဲ့အပူလောင်သွားသေးလား"
"မပူပါဘူးရပါတယ်ဒါနဲ့မင်းနာမည်လေး"
Matthewဘာမှမစဉ်းစားပဲနာမည်မေးလိုက်တယ်။
"Noah ။ခဗျားကဘာလို့ကျွန်တော့နာမည်သိချင်တာလဲ"
Matthewတယောက်ဘာဖြေရမှန်းမသိတော့လို့လိမ်လိုက်ရတယ်။
"ကိုယ့်အသိတယောက်နဲ့တူနေလို့ပါပြီးတော့ကိုယ်က Matthewပါ"
"ခဗျားဘယ်သူကိုေစာင့်နေတာလဲမသိပေမဲ့ကျွန်တော်ကတော့လုပ်စရာရှိလို့ဝင်တော့မယ်"
"အာရတယ်အကိုလဲအသိတယောက်ကိုစောင့်နေတာပါ"
အဲ့လိုနဲ့စကားဖြတ်ပြီးတော့ခဏကြာတော့ madiရောက်လာတယ်။
"အာအကိုတောင်းပန်ပါတယ်စောင့်ရတာတော်တော်ကြာသွားလား"
"အရမ်းမကြာသေးပါဘူးဘာစားမလဲမှာလိုက်အကိုကျွေးမယ်"
သူတို့စကားပြောကြပြီးတော့ madiအိမ်ရောက်တော့ Matthewကmadiကိုငြင်းလိုက်တယ်။madiကလဲငိုပြီးတော့အိမ်ထဲပြေးဝင်သွားတယ်။
သူလဲအိမ်ပြန်ရောက်တော့ရေချိုးပြီးစာဖတ်နေတုန်းမှာသူ့အမေရဲ့ဖုန်းဝင်လာတယ်။သူအမေကလဲသူ့ကိုသူလုပ်ခဲ့တာနဲ့madiကိုပြန်ေတာင်းပန်ဖို့ပြောနေတာည10ကျော်သွားတယ်။
Matthewကလဲနားမထောင်ချင်တော့တာလဲဒီနေ့ပင်ပန်းနေ့လို့အိပ်တော့မယ်ဆိုပြီးသူ့အမေကိုပြောခဲ့တယ်သူ့အမေကတော့တော်တော်ဒေါ်သထွက်နေပါတယ်။