ညသန်ခေါင်ယံလူရှင်းတဲ့အချိန်မှာ noahတယောက်ဝရန်တာမှာထွက်ပြီး cigaretteထွက်သောက်နေတယ်။
သူ cigaretteသောက်နေတုန်းဖုန်းသံမြည်လာခဲ့တယ်။
"ဟုတ်ကဲ့ဘယ်သူလဲခဗျ"
"အဖေပါ"
အဲ့စကားကိုကြားတော့noahတယောက်အရမ်းလန့်သွားခဲ့ပြီးဘာမှမပြောနိုင်တော့ပါဘူး။"သားရေ..သားရေ..."
ဆက်တိုက်ခေါ်နေပေမဲ့noahကတော့လူံးဝပြန်မထူးခဲ့ပါဘူး။"ကြားရလား...Noah"
"ခဗျားကျွန်တော့ဖုန်းနံပါတ်ကိုဘယ်လိုသိတာလဲ"
"ဒီတိုင်းသိတာပါပြီးတော့အမေရောနေကောင်းရဲ့လား"
"ခဗျားဒီအကြောင်းတွေသိစရာမလိုဘူးပြီးတော့နောက်တခါဖုန်းမဆက်နဲ့တော့"
ဟူး
Noahတယောက်သက်ပြင်းချပြီး cigaretteသောက်ဖို့ပြင်နေတုန်းသူ့အမေကထွက်လာခဲ့တယ်။"သားရေစောနကဘယ်သူနဲ့ဖုန်းပြောနေတာလဲ"
"အာဘယ်သူမှမဟုတ်ပါဘူး။ဖုန်းမှားခေါ်တာပါ"
"အော်အဲ့တာဆိုလဲပြီးတာပဲ"
"ဒါနဲ့အမေမအိပ်သေးဘူးလား"
"အိပ်ပျော်နေပြီအော်သံကြားလို့ပါ"
"အာ..အဲ့တာဆိုလဲပြန်အိပ်လိုက်အုန်းလေ"
"ဟုတ်ပြီပြီးတော့နောက်ကျတဲ့ထိမနေနဲ့နော်"
"ဟုတ်ကဲ့ခဏနေအိပ်တော့မှာ"
အဲ့လိုပြောပြီးသိပ်မကြာပါဘူးစောနကဖုန်းကထပ်ဝင်လာခဲ့တယ်။noahတယောက်စိတ်ညစ်ပြီးအိပ်ရာထဲပဲဝင်သွားတော့တယ်။အဲ့ညမှာသူ့ကိုသူ့အဖေကဖုန်းတွေအများကြီးခေါ်ထားတာကိုသူnoahတယောက်မသိလိုက်ပါဘူး။