Part-1

249 38 18
                                    

ဆွဲငင်ခြင်းအစ

*****

တက္ကသိုလ်ကျောင်းဝင်းကြီးထဲမှာ ရုတ်ရုတ်သဲသဲနဲ့ ကျောင်းသားကျောင်းသူတေရဲ့အသံကဆူညံ့လို့နေသည်။ ပထမဆုံးကျောင်းဖွင့်ရက်မို့ မနူးမနပ်ကျောင်းသားလေးတေက ကုတ်ချောင်းချောင်းနဲ့ ဘယ်လို့သွားရမှန်းမသိ လမ်းပျောက်နေကြသည်။ ဝါရင့်သဘာရင့် စီနီယာကြီးများကတော့ မြောက်ကြွမြောက်ကြွနှင့် ကျောင်းသားအသစ်လေးများကို ဆရာကြီးလုပ်ကာ ဘယ်သွား၊ ဘာလုပ်ဟု ညွှန်ပေးကြသည်။ ကူညီတာကနည်းနည်း ဆေးထိုးလွှတ်တာကများသည်။ ထိုဆရာကြီးများကိုယုံပြီး ပြောတာလိုက်လုပ်တဲ့ ကျောင်းသားအသစ်လေးတေကတော့ ရှေ့နေငှားမှထောင်လုံးလုံးကျသလိုပါပဲ။

လမ်းပျောက်နေတဲ့ ကျောင်းသားသစ်လေးများထဲမှ အူကြောင်ကြောင်မှန်ကြောင်နဲ့တစ်ယောက်ကတော့ စီနီယာဆရာကြီးများထဲမှတစ်ယောက် ဝင်တိုက်မိလေသည်။ စီနီယာကြီးကခပ်ထွားထွားမို့ မှန်ကြောင်လေးကမြေပြင်ပေါ်ကိုလဲကျသွားသည်။ မှန်ကြောင်လေးကရွဲ့သွားတဲ့မျက်မှန်ကိုပြန်တည့်ရင်း ပြာပြာသလဲပြန်ထကာ အရှေကဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ ခေါင်းကိုမော့ ရင်ကိုကော့လို့ရပ်နေတဲ့ စီနီယာ့ကို တောင်းပန်ဖို့ခါးကိုကိုင်းလိုက်သည်။

"တောင်းပန်-"

"မင်းငါ့ကိုမြင်ရတာလား"

စီနီယာကြီးကအံ့သြတကြီးပုံစံနဲ့မေးတော့ အရှေ့ကမှန်ကြောင်လေးကကြောင်တောင်တောင်နဲ့။ သူမေးတဲ့မေးခွန်းကိုပြန်စဉ်းစားကြည့်တော့ သရဲလားအလေလွင့်နေတဲ့ဝိဉာဉ်လားလို့တွေ့မိပြီး ကျောင်းသားလေးမှာ ကြက်သီးတေဖြန်းခနဲထသွားသည်။ နောက်ကိုခြေနှစ်လှမ်းဆုတ်တော့ ရှေ့ကိုခြေနှစ်လှမ်းတိုးလာတဲ့ အံ့သြတကြီးနဲ့စီနီယာ့ပုံစံကြောင့် တုန်တုန်ရီရီနဲ့ခေါင်းကိုငြိမ့်ပြလိုက်တယ်။

"မြင်...မြင်ရပါတယ်"

ဖြေလိုက်တော့စီနီယာကြီးရဲ့မျက်နှာက အံ့သြနေဟန်ပုံစံကနေချက်ချင်းပြောင်းသွားပြီး မျက်ခုံးတစ်ဖက်ထဲကိုပင့်တင်ကာ စူးစိုက်ကာကြည့်လာသည်။

ဆွဲငင်သောလမင်း [ဆွဲငင်သောလမင်း]Where stories live. Discover now