Part-3

169 25 10
                                    


Zawgi

အဆောင်တံခါးကိုဖွင့်လို့ အဆောင်အပြင်ကိုခြေချလိုက်သည်နှင့်တပြိုင်နက်၊ ချယ်ရီပွင့်ဖက်များက မျက်နှာရှေ့တွင်ဝေ့သီလာသည်။လူသွားလူလာမရှိတဲ့အချိန်မို့ ပတ်ဝန်းကျင်ကတိတ်ဆိတ်လို့နေသည်။ ခဲရောင်ခေါ်မလား၊ မီးခိုးရောင်ခေါ်မလား ခပ်အမွဲမွဲအရောင်ရှိတဲ့ ကျောင်းဝတ်စုံဘောင်းဘီအကွက်ထဲကိုလက်နှစ်ဖက်ထိုးထည့်ကာ ကျောင်းတော်ကြီးရှိရာကိုဦးတည်လိုက်သည်။ အမှန်တိုင်းဝန်ခံရရင် ကျောင်းဝတ်စုံကိုလုံးဝသဘောမကျပါ အရောင်အဆင်းမရှိ မွဲတေတေနှင့် ပြီးတော့ ဘောင်းဘီကလဲအကွက်ပုံစံနဲ့ဆိုတော့ တကယ့်ကိုကျွန်တော့်အကြိုက်နှင့်ကွာသည်။ တကယ်ဆို ကျောင်းဝတ်စုံလှလှလေးဝတ်ရတဲ့ ဆိုလ်းကတက္ကသိုလ်ကိုသာတက်လိုက်ချင်သည်။ သို့ပေမယ့်လဲ ရတဲ့အမှတ်နဲ့ တန်တန်ရာမို့ ဒီစုတ်တိစုတ်ပဲ့ ကျောင်းကိုသာတက်နေရသည်။ လွယ်ရတဲ့အိတ်ကလဲ ကရိယာတန်ဆာပလာတေထည့်ရတဲ့ ဘူးကြီးနဲ့တူသည်။ ကျောင်းသူလေးတေဆိုလည်း ဒူးဖုံးတဲ့အထိ ခြေအိတ်တေဝတ်ကြရသည်။ တကယ်ကိုဖက်ရှင်အမြင်မရှိတဲ့ကျောင်းကြီးဟု၍မှတ်ချက်ချထားလိုက်သည်။

တကယ်တော့ ဒီနေ့မှာကျောင်းသွားဖို့စိတ်ကူးထားခြင်းမရှိ။ နိုးလာတဲ့အချိန် ကော်ရစ်တာဘက်ထွက်ကာ သွားတိုက်နေတုန်း ဟိုအရိုင်းအစိုင်းကလွယ်အိတ်လွယ်ကာထွက်သွားသည်ကိုမြင်လိုက်တာကြောင့် ကျောင်းသွားဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဒီအရိုင်းအစိုင်းကောင်ကဘယ်အခန်းလဲဆိုတာသိချင်သည်။ ဘာမေဂျာယူမလဲ သိချင်သည်။ နေ့လည်စာဘယ်လိုစားမလဲသိချင်သည်။ အရိုင်းအစိုင်းမို့ အတန်းဖော်တေနဲ့ အဆင်ပြေမလားလဲသိချင်သည်။ တစ်ယောက်ထဲသီးသန့်နေတတ်တဲ့သူလားသိချင်သည်။ လူတိုင်းအပေါ် ဆဲဆိုတတ်တာလား၊ ဒါမှမဟုတ်ကျွန်တော်တစ်ယောက်ထဲကိုပဲဆဲဆိုတတ်တာလား သိချင်သည်။ ကျွန်တော်ကစပ်စုတတ်တဲ့သူလေ။ဒါကြောင့် သူများအကြောင်းသိချင်တာ။

"ဟေ့ ဂျောင်ဂု ကျောင်းတက်မလို့လား ပထမအပါတ်ဆို မင်းဘယ်တုန်းကတက်ဖူးလို့လဲ"

အနီးနားမှာရှိတဲ့ စတိုးဆိုင်တစ်ခုကနေခေါက်ဆွဲဘူးဝယ်ကာပြန်လာတဲ့ နမ်ဂျွန်းက လမ်းရဲ့တစ်ဖက်ကနေအော်မေးသည်။

You've reached the end of published parts.

⏰ Last updated: Jun 10, 2022 ⏰

Add this story to your Library to get notified about new parts!

ဆွဲငင်သောလမင်း [ဆွဲငင်သောလမင်း]Where stories live. Discover now