135

8.6K 1.3K 81
                                    

{Unicode}

"ယဲ့ထင် ငိုနေခဲ့သည်"

ယဲ့ထင်သည် ထိုမေးခွန်းကို ကြားသောအခါ အနည်းငယ် ဆွံ့အသွားသည်။

ဤကဲ့သို့ အချိန်တွင် အဘယ်ကြောင့် ရန်ကျားလိက ရုတ်တရက်ကြီး တန်းမြင့်အဆင့် သင်္ချာအမှတ်ကို လာမေးနေသလဲ သူမသိပေ။

သူ ပြန်ပြောဖို့ရာ အချိန်မမီလိုက်သေးခင်မှာပဲ ဖုန်းလိုင်းက ပြတ်တောက်ခံလိုက်ရသည်။

ယဲ့ထင်သည် ဖုန်းပေါ်မှ ခေါ်ဆိုမှု မှတ်တမ်းကို ကြည့်နေရင်း မျက်မှောင်ကြုတ်လျက် မူမမှန်သည့် တစ်နေရာရာ ရှိနေပြီဟု ခံစားလိုက်ရသည်။

ဒုတိယနေ့ ညပိုင်းတွင် ရန်ကျားလိသည် ညစာစားချိန် ပတ်လည်လောက်မှာပဲ ဖုန်းထပ်ဆက်လာသည်။

ဤတစ်ကြိမ်တွင် သူတို့သည် ဖုန်းပြောရင်းနှင့် တက္ကသိုလ် အတန်းဖော်များအကြောင်း ရောက်သွားခဲ့ကြပြီး အဆုံးသတ်ခါနီးတွင် ရန်ကျားလိသည် မကြာသေးခင်က ပြောနေသည့် အကြောင်းအရာကို လိုက်ပြီး ရယ်ကာမောကာနှင့် ပဟေဠိဆန်ဆန် စကားတစ်ခွန်း ထပ်ပြောလာသည်။

"တက္ကသိုလ်တုန်းက အတန်းဖော်တွေ ဒီလောက်များတာ၊ တော်တော်များများကိုဆို ငါမှတ်တောင် မမှတ်မိတော့ဘူး။ ယဲ့ထင် ငါတို့ရဲ့ အတန်းAမှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဌာနက လူစုစုပေါင်း ဘယ်နှစ်ယောက်ရှိလဲ မင်းမှတ်မိသေးလား"

တတိယနေ့တွင် ရန်ကျားလိသည် ဖုန်းချခါနီး အဆုံးတွင် မချိတင်ကဲနှင့် ပြောလာလေသည်။

"ဝက်သားနီနှပ် စားချင်လိုက်တာ၊ အရင်က ဒုတိယ ကန်တင်းက ဝက်သားနီနှပ်က စျေးလည်း သက်သာတယ်၊ အများကြီးလည်း ပါတယ်။ ဒါနဲ့ ဒုတိယ ကန်တင်းက ဝက်သားနီနှပ်က တစ်ပွဲ ဘယ်လောက်လဲဆိုတာ မင်းမှတ်မိသေးလား"

ယဲ့ထင်က မျက်မှောင်ကြုတ်သွားပြီး ဤရက်ပိုင်းတွင် ရန်ကျားလိတစ်ယောက် အဘယ်ကြောင့်များ ထိုကဲ့သို့ ရုတ်ခြည်းဆန်သော မေးခွန်းများကို မေးနေမှန်း မသိတော့ပေ။

စတုတ္တနေ့ ထပ်မံဆက်သွယ်ကြချိန်တွင် အဆုံးသတ်ခါနီး၌ ရန်ကျားလိသည် မိမိဘာသာ သက်ပြင်းချနေဆဲဖြစ်ပြီး

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now