Chapter7 Unicode

380 37 0
                                    

ကျွန်တော့်ယောကျ်ား

Wu Qianqingနှင့် Guan Tongတို့မှာHei Xuanyiကိုမြင်သော်အနည်းငယ်တုန်လှုပ်မိသည်။ သို့သော်သိပ်မကြာခင်တွင်အေးအေးဆေးဆေးဖြစ်သွားသည်။ Hei Xuanyiသည်Wu Ruoလမ်းလျှောက်နိုင်ရန်ကူညီပေးသည်ကိုမြင်သော်သူတို့ဝမ်းသာမိသည်။ သူတို့သား ယောကျ်ားတစ်ယောက်ကိုလက်ထပ်ရခြင်းအားစိတ်မလုံမလဲဖြစ်မိခဲ့သည်။ အကယ်၍သားလေးမိသားစုအသစ်မှာမပျော်မရွှင်ဖြစ်ခဲ့လျှင် တစ်ဘဝလုံးစာသူတို့ကိုယ်သူတို့အပြစ်တင်မိကြလိမ့်မည်။ Wu Ruoသည် သူတို့အား"အဖေ အမေ ဒါHei Xuanyi ကျွန်တော့်အမျိုးသားလေ "ဟုမိတ်ဆက်ပေးလာသည်။ Hei Xuanyi၏အကူအညီကိုသူလိုအပ်သောကြောင့် ထိုသို့ထည့်ပြောလိုက်သည်။ Wu Qianqing နှင့်Guan Tongတို့ပထမတွင်အံ့သြသွားကာ ခေါင်းညိတ်အသိအမှတ်ပြုလိုက်သည်။ Wu Ruoတစ်​ယောက် Hei Xuanyiအားသူ့ယောကျ်ားအဖြစ်မိတ်ဆက်ပေးလာမည်ဟုသူတို့မမျှော်လင့်ထားပေ။ Wu Ruo အမျိုးသားတစ်ဦးနှင့်လက်ဆက်ရမည်ကိုမုန်းတီးနေခဲ့ရုံမျှမက Hei Xuanyiနာမည် (သို့) လက်ထပ်ပွဲအကြောင်းကိုတစ်စုံတစ်ယောက်မျှ မဟစေရန်တားမြစ်ခဲ့သောကြောင့်​ဖြစ်သည်။ လက်ထပ်ပွဲနီးလာလေလေ Wu Ruoတစ်ယောက်စိတ်ဓာတ်ကျလာလေဖြစ်သည်။ Wu Ruoအဆုံးစီရင်နိုင်သည်ဟုပင် သူတို့စိုးရိမ်နေခဲ့ကြသေးသည်။ လက်ထပ်ပွဲပြီး၃ရက်မြောက်နေ့တွင်သူအတော်လေးပြောင်းလဲသွားသည်။

Hei Xuanyiသည် အိမ်တော်ထိန်းယူဆောင်လာသောလက်ဖက်ရည်ကိုခွက်ထဲသို့လောင်းထည့်ကာ Wu Qianqingနှင့် Guan Tongတို့အားဆက်သကာ ယောက္ခထီးနှင့်ယောက္ခမဟုသာခေါ်ပြီးဘာမှဆက်ပြောမလာတော့ချေ။ Wu Qianqingသည် သူကစကားပြောကြွယ်သူမဟုတ်ကြောင်းပြောလေသည်။ ထို့ကြောင့်သူသည်အေးစက်မှုကိုဖြိုခွင်းရန်ကြိုးစားပါသော်လည်း သူ၏အေးတိအေးစက်နေမှုက သူတို့အားနေရခက်စေသည်။ Wu Chenziထက်ပို၍ပင် ဖိအားများနေလေ၏။ အခန်းအတွင်းရှိလေထုမှာအေးသထက်အေးလာသည်။
Wu Ruoသည် Wu Xuအားအချက်ပြလိုက်သည်။
Wu Xuသဘောပေါက်သွားပြီး အခြားအစေခံများကိုအခန်းထဲမှခေါ်သွားပြီး Hei Xuanyi၏ကိုယ်ရံတော်များကိုတံခါးပေါက်တွင်အစောင့်ခိုင်းထားသည်။
"အဖေ ဟိုဟာလေ...Hei Xuanyiကဆေးပညာရပ်တွေမှာတော်တယ် အဖေ့ရဲ့သွေးခုန်နှုန်းကိုလေ သူ့ကိုစမ်းသပ်ခိုင်းကြည့်ပါလား အဖေပြန်သက်သာလာအောင် သူကူညီပေးနိုင်လောက်တယ်" Wu Ruoကပြောလေသည်။
သူ့အဖေမှာ သူ့စွမ်းအားပျက်စီးသွားရခြင်းကိုဂရုမစိုက်သည့်ဟန်ဆောင်နေသော်လည်းတိတ်တဆိတ်ယူကျုံးမရဖြစ်သည်ကို Wu Ruoသိသည်။ သူ၏မိသားစုကိုမကာကွယ်နိုင်သည့်အတွက်မခံချိမခံသာဖြစ်နေလိမ့်မည်။
"ကျေးဇူးပြုပြီး စမ်းကြည့်လိုက်ပါ Xuanyi" Wu Qianqing၏မျက်လုံးများတောက်ပသွားသည်။
Wuမိသားစုသည် Tianနိုင်ငံတွင်းရှိအတော်ဆုံးသမားတော်များကိုခေါ်ယူကာကုသရန်ကြိုးစားပါသော်လည်း သူတို့အကုန်လုံးကWu Qianqing၏စိတ်ဝိညာဥ်တည်ရှိရာနယ်မြေ
ပျက်စီးသွားသဖြင့်ပြန်လည်သက်သာလာဖို့ရာမဖြစ်နိုင်ပေဟုပြောကြသည်။ သို့သော်သူအလွယ်တကူအလျှော့မပေးပေ။
Guan Tongတစ်ယောက်စိတ်လှုပ်ရှားနေခဲ့ပြီး မတ်တပ်ရပ်လိုက်ကာသူတို့အတွက်အခန်းပြင်ရန်လုပ်နေသည်။ Hei Xuanyiမှာဆေးပညာအကြောင်းနားမလည်သော်လည်း Wu Ruoပြောသည့်အတိုင်းသူ၏စွမ်းအားအချို့ကို Wu Qianqingကိုယ်ထဲသို့သွင်းကာခန္ဓာကိုယ်တလျှောက်စီးဆင်းသွားစေပြီး သူ၏စိတ်ဝိညာဥ်နယ်မြေတွင်ရပ်တန့်လိုက်သည်။
တခဏမျှအကြာတွင် သူသည် Wu Ruo သူ့ကိုပြောခဲ့သည့်အတိုင်း"အဖေ့ရဲ့စိတ်ဝိညာဥ်နယ်မြေကပျက်စီးသွားပြီ ဒါကြောင့်အဖေ့ရဲ့စွမ်းအားတွေအကုန်ဆုံးရှုံးသွားပြီးစိတ်ဝိညာဥ်စွမ်းအင်ကိုပြန်ရနိုင်ဖို့မဖြစ်နိုင်တော့ဘူး"ဟုပြောလေသည်။
Wu Ruoသည်ထိုနေရာတွင်တိတ်တဆိတ်ထိုင်နေကာ သူပြောသမျှကိုနားထောင်နေသည်။ အခြားသမားတော်များကလည်းထိုအတိုင်းပြောကာ သူ့အဖေနောက်တစ်ကြိမ်ပြန်ကောင်းမလာနိုင်ဘူးဟုသာပြောခဲ့ကြသည်။ သို့သော်Wu Ruoသူ့အဖေ၏သွေးကြောကိုစမ်းသပ်ကြည့်ချိန်တွင်မူ ပြန်ကောင်းလာနိုင်ချေရှိသည်ကိုတွေ့ရသည်။ ကုသမှုအနေဖြင့်စိတ်ဝိညာဥ်ဆေးလုံးများကိုသောက်နိုင်ပါက စိတ်ဝိညာဥ်မြေပြန်လည်ပေါ်ပေါက်လာရန်အခွင့်အရေးရှိပေသည်။ သို့သော်အဘယ့်ကြောင့်ထိုသမားတော်များက သူ့မှာမျှော်လင့်ချက်မရှိဟုပြောရသနည်း။ သူ့မျက်လုံးများကျဥ်းမြောင်းလိုက်ပြီးမကြာမီတွင်သူအဖြေကိုရှာတွေ့နိုင်မည်ဖြစ်သည်။
Wuမိသားစုခေါ်လာသောသမားတော်များ အမှန်မပြောကြခြင်းမှာ သူတို့လာဘ်ထိုးခံရခြင်းပေလား
မဟုတ်လျှင် သမားတော်အစစ်မဟုတ်ကြခြင်းမျိုး ဖြစ်နိုင်သည်။ သူ့အဖေနှင့်သူမှာသမားတော်နာမည်များကိုသိရုံပင်သိ၍ လူချင်းမတွေ့ဖူးကြပေ။ Wuမိသားစု သမားတော်အတုများနှင့်တွေ့ခဲ့လျှင်ပင် သူတို့မသိနိုင်ပေ။ နောက်တွင်သူသတိထားမိခဲ့သည်။
သမားတော်များမှာသူတို့၏ဂုဏ်သိက္ခာနှင့်ကျော်ကြားမှုကိုသာဂရုစိုက်လေ့ရှိသည်။ လေးစားသမှုပိုရလေလေ သူတို့ပိုဂရုစိုက်လေလေပင်ဖြစ်သည်။ ​ဖြစ်နိုင်ချေများအားတွေးမိပြီးနောက် Wu Ruoသည် Wuမိသားစုကိုစိတ်ပျက်မိလေသည်။
"သမားတော်တွေလည်းအဲဒီလိုပြောကြတာပါပဲ"ဟု Wu Qianqingတစ်ယောက်သက်ပြင်းချကာပြောလေသည်။
Hei Xuanyiသည် Wu Ruoထံသို့တိတ်တဆိတ်ကြည့်လိုက်ပြီးဆက်၍"အဖေ့ရဲ့စိတ်ဝိညာဥ်နယ်မြေကပျက်စီးသွားပြီဆိုပေမဲ့ ပြန်ကောင်းလာနိုင်ဖို့အခွင့်အရေးရှိတယ်"ဟုပြောလိုက်သည်။

Come back of the abandoned wife (Mm translation)Where stories live. Discover now