Chapter18 Unicode+ Zawgyi

311 32 0
                                    

သူကမြို့ပြင်မှာ

ဟေးရွှမ်းယီ(Hei Xuanyi)ပြန်ရောက်လာတော့ ဝူရွော့(Wu Ruo)အိပ်ပျော်နေပြီဖြစ်သည်။

သူအိပ်ရာပေါ်လှဲလိုက်ပြီး ဝူရွော့၏ဝမ်းဗိုက်အားပွတ်ကာ ခန္ဓာကိုယ်တွင်းသို့စိတ်စွမ်းအင်အနည်းငယ်ပို့လွှတ်လိုက်သည်။

ဝူရွော့မှာ ဟေးရွှမ်းယီမှန်းခံစားမိ၍သူထပြီးကြည့်မနေတော့ပေ။ မဟုတ်လျှင်သူ မနေ့ညကလိုအိပ်မပျော်ဖြစ်နေတော့မည်။

သူနိုးလာတော့ သူ့ဘေးမှာတစ်ယောက်မှမရှိပေ။ အေးစက်နေသောအိပ်ယာခင်းသာရှိသည်။ ခေါင်းအုံးပေါ်တွင်အနက်ရောင်ငွေလက်ကောက်၂ကွင်းတွေ့ရသည်။

သိချင်ဇောဖြင့် ဝူရွော့ကောက်ကိုင်လိုက်ပြီး လက်ကောက်မျက်နှာပြင်ပေါ်ရှိအရာများကိုအသေးစိတ်ကြည့်လိုက်သည်။ သူကြည့်လိုက်တော့ ထိုမျက်နှာပြင်ပေါ်ရှိအရာများမှာ စိတ်စွမ်းအင်အားဖုံးကွယ်ပေးထားနိုင်သည်။

တကယ်လို့သူမှန်းတာမမှားဘူးဆိုရင် ဒီလက်ကောက်တွေကသူ့အတွက်ပေးတာပင်ဖြစ်ရမည်။ သူဒါတွေကိုဝတ်ထားသရွေ့သူ့အဘိုး Wu Bufangက သူ့ဆီကစိတ်စွမ်းအင်တွေကိုခံစားမိမှာမဟုတ်ပေ။

ဝူရွော့တုံ့ဆိုင်းသွားပြီး ထိုလက်ကောက်များအားမဝတ်ဘဲထားလိုက်သည်။ သူဒါကိုအရင်ဆုံးဟေးရွှမ်းယီနှင့်အတည်ပြုရမည်။ သူအထင်မှားသွားရင်၂ယောက်လုံးအတွက်ရှက်စရာဖြစ်နေတော့မည်။

သူသည် Shiyuanအားသူ့အတွက်အဝတ်အစားလဲပေးရန်နှင့်ခန်းမဆောင်သို့သွားဖို့ရာကူညီပေးရန်ခေါ်လိုက်သည်။ သို့သော် ဟေးရွှမ်းယီထိုနေရာတွင်ရှိမနေပေ။

ဝူရွော့ Hei Xinအား"ဟေးရွှမ်းယီဘယ်မှာလဲ"ဟုမေးလိုက်သည်။

"သူမနေ့ညကအပြင်ထွက်သွားပါတယ် သူငါးရက်ကြာမှပြန်လာမယ်လို့ဆရာကတော်ကိုပြောခိုင်းထားပါတယ်"ဟု Hei Xinမှပြောလာသည်။

"မြို့ပြင်မှာလား သူဘယ်ကိုသွားမယ်လို့ရောပြောသွားသေးလား" ဝူရွော့မျက်မှောင်ကြုံ့ကာမေးလိုက်သည်။

အတိတ်ဘဝတွင် သူလာပြီးနောက်ဟေးရွှမ်းယီအိမ်မှာပဲရှိနေခဲ့သည်။ သူ ဟေးရွှမ်းယီအားမမြင်ချင်ပေ
မဲ့ တစ်ခါတစ်ရံတွင်လာလေ့ရှိသည်။ တစ်ခါတွင်သူ ဟေးရှှမှးယီ၏ငါးပုံသဏဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏှဏွဏြျဏ်ဏ္႑ာနမှကှနှှာအားမှငရှပှီးထိတလှန့သှှားခဲ့သညှ။

Come back of the abandoned wife (Mm translation)Tahanan ng mga kuwento. Tumuklas ngayon