Chapter1 Zawgyi

444 22 0
                                    

အတိတ်ဘဝ

Wu Ruoပြန်သတိရလာတော့အိမ်တံတိုင်းမှာသူ့ခြေလက်တွေကိုသံကွင်းခတ်ချည်နှောင်ထားတာတွေ့လိုက်ရသည်။သံကွင်းတွေသံကြိုးတွေကိုရှုပ်ထွေးနေတဲ့မန္တာန်များနှင့်မန်းမှုတ်ထားတာကိုတွေ့ရပြန်သည်။

သူသံကြိုးတွေကိုဆွဲရမ်းလိုက်တော့အသံထွက်လာသည်။သူမှတ်မိသည်မှာခြံထဲမှာအပေါင်းအဖော်တွေနှင့်အတူအရက်သောက်နေကြတာပင်ဖြစ်သည်။အခုသူဘာလို့ချည်နှောင်ခံထားရတာပါလိမ့်။

"မင်းနိုးပြီလား" သူ့နောက်ဘက်မှရင်းနှီးနေသည့်အသံတစ်သံနှင့်အတူ အဲဒီလူဟာသူ့ဆီလှမ်းလာပါတော့သည်။

သူ့သူငယ်ချင်းRuan Zhizhengပင်။သူကသံကြိုးကိုလှုပ်ခါခဲ့ပြီး "မင်းဒီတစ်ခေါက်ရောဘယ်လိုမျိုးကစားချင်လဲ"ဟုမေးနေသည်။

သူနှင့်Ruan Zhizhengတို့နှစ်ယောက်သည်ငယ်ကတည်းကအတူကြီးပြင်းလာသူများဖြစ်ကြသည်။
ညီအစ်ကိုရင်းချာပမာရင်းနှီးခဲ့ကြသည်။ဘာအကြောင်းပဲရှိပါစေ သူကအမြဲသူ့ကို(Wu Ruo)ကူညီပေးခဲ့သည်။

သို့သော် Ruan Zhizhengကငါမင်းကိုတစ်ကြိမ်ပဲမေးမယ် "အရိပ်သူခိုးရဲ့လျှို့ဝှက်စာအုပ်ဘယ်မှာလဲ"ဟု
လေးနက်စွာပြောနေခဲ့သည်။

"ငါ့မှာအရိပ်သူခိုးရဲ့စာအုပ်မရှိဘူးဆိုတာမင်းသိသင့်တယ်"ဟူ၍Wu Ruo မျက်မှောင်ကြုတ်ကာပြောခဲ့သည်။

အရိပ်သူခိုးရဲ့လျှို့ဝှက်ချက်ကသူ့စိတ်ထဲမှာပင်ဖြစ်သည်။ အရိပ်သူခိုးဆိုသည့်စကားလုံးနှစ်လုံးကလွဲ၍ဘာမှမရှိပေ။ ကောလာဟလများအရအရိပ်သူခိုးကိုထိန်းချုပ်နိုင်ပါကလောကကြီးကိုစိုးမိုးခြယ်လှယ်နိုင်ပြီဟုဆိုကြသည်။ ထိုကောလာဟလမှာတောမီးသဖွယ်ပျံ့နှံ့လာလေသည်။ ကြီးမြတ်လှသောဂိုဏ်းအချို့ကပင်လျှို့ဝှက်ချက်ကိုသိချင်လာကြသည်။ Wu Ruoကိုယ်တိုင်ပင်လျှင်အရိပ်သူခိုးမှာထူးခြားသည့်စွမ်းရည်များရှိသည်ဟုတွေးထင်မိခဲ့သည်။ သို့သော်အမှန်ကမူ ထိုစွမ်းရည်ကိုသူအစိုးမရနိုင်ပေ။

သူ့အသက်၂၅နှစ်အရွယ်တွင်ထိုလျှို့ဝှက်ချက်ကိုရခဲ့သည်။ ထိုမတိုင်မီကသူသည်အသုံးမကျသည့်အရှုံးသမားတစ်ယောက်ဖြစ်ခဲ့သည်။ တစ်နေ့တွင်သူသည်သူ၏အသက်ရှည်ခြင်းသစ်သားပြားလေးကိုမတော်တဆချိုးမိသွားလေသည်။ သူမည်မျှပင်ကြိုးစားနေပါစေလက်ရည်မတက်လာခြင်း၏တရားခံကိုသိလိုက်ရသည်။ သူ၏အစွမ်းအားလုံးကိုထိုအထဲတွင်ချိတ်ပိတ်ထားခြင်းကြောင့်ပင်။ ၎င်းကိုဖွင့်နိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ အသက်ရှည်ဆေးသစ်သားပြားကိုချိုးလိုက်မှသာဖြစ်သည်။

Come back of the abandoned wife (Mm translation)Where stories live. Discover now