အခန်း |1|

2.5K 308 28
                                    

[Unicode]

“ကျင့်ရှီဝူ, သေနေတာလား!”

ကျယ်လောင်တဲ့ ‌အော်သံနဲ့အတူ လက်တစ်စုံက သူ့ပခုံးတွေကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းလာတယ်။

ထိုကျယ်လောင်တဲ့ အသံကြောင့် ဝက်သေတစ်ကောင်ပင် နိုးထလာနိုင်တယ်။ ကျင့်ရှီဝူ တွေဝေစွာနဲ့ မျက်လုံးတွေ ဖွင့်လိုက်ပြီး သူ့ရှေ့က အတော်လေး ရင်းနှီးသလိုလို မရင်းနှီးသလိုလိုရှိတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရတယ်။

ကျင့်ရှီဝူ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ချီတုံချတုံနဲ့ “မေမေ?”

ကျန်းမိန်လိ မယုံနိုင်စွာနဲ့ “အိပ်လိုက်တာနဲ့ မေမေ့ကိုတောင် မသိတော့ဘူးလား?”

ကျင့်ရှီဝူ ဒီရင်းနှီးတဲ့ မျက်နှာကို ကြည့်ပြီး ရေရွတ်လိုက်တယ် “မေ... မေ, မေမေမသေဘူးလား?”

ဘုန်း!

ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုက သူ့ခန္ဓာကိုယ်ပေါ် ကျလာပြီး ဆယ်ကျော်သက်လေးရဲ့ အော်သံက ကားထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။ ကားနောက်ခန်းမှာ အကြိမ်အနည်းငယ် လှိမ့်ပြီးနောက်, နောက်ဆုံးမှာ ကျင့်ရှီဝူ သူအိပ်မက်,မက်နေတာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်။ သူ့အတိတ်ဘဝ အကြောင်းမျိုးစုံက သူ့မျက်လုံးထဲမှာ ရုတ်တရက် ထင်ရှားလာပြီး သူ့ကို အေးစက်သွားစေတယ်။

သေခြင်းတရားက သူ့ကို ဒီကမ္ဘာသည် အမှန်တကယ်ပင် ဝတ္ထုတစ်ပုဒ်ဖြစ်ကြောင်း မမျှော်လင့်ဘဲ သိလာစေပြီး သူက ထိုထဲမှာ အသေးအဖွဲဇာတ်ကောင်လေးသာဖြစ်တယ်။ သူက အမျိုးသားဇာတ်လိုက်ကို အတင်းအဓမ္မ လက်ထပ်စာချုပ်,ချုပ်ဆိုစေခဲ့ပြီး သူ့မိသားစုရဲ့ချမ်းသာကြွယ်ဝမှုကို မှီခိုကာ သူ့အပေါ်အရာများစွာပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာ ကားမတော်တဆမှုကြောင့် သေဆုံးခဲ့ရတယ်။

သူ့အမေရဲ့ အော်သံကို သူကြားလိုက်ရတယ် “နောက်နှစ်ဆိုပဲ အလယ်တန်း တတိယနှစ် ဖြစ်တော့မယ်၊ စာကြိုးကြိုးစားစားလေ့လာပြီး ပြဿနာမဖြစ်အောင်ရှောင်နော်၊ အိုခေ?”

“မေမေ ဆရာခေါ်တာ ထပ်မခံချင်တော့ဘူး”

“သား စာမသင်ချင်ဘူးဆိုလည်း အဆင်ပြေတယ်၊ အတန်းဖော်တွေကိုသာ အနိုင်မကျင့်နဲ့တော့”

သံသယကြီးလွန်းတဲ့ဇာတ်လိုက်၏ဇနီး​​​ဟောင်းအဖြစ် ပြန်လည်ရှင်သန်လာခြင်းWhere stories live. Discover now