[Unicode]
ကျင့်ရှီဝူက မတ်တပ်ထရပ်ရင်းယဥ်ကျေးစွာ ပြောလိုက်တယ်။
"ဆရာမ ကျွန်တော်အနောက်မှာထိုင်နေလို့ ကျောက်သင်ပုန်းကိုမမြင်ရဘူးဖြစ်နေတယ် ပြီးတော့ ရှေ့ကဒုတိယတန်းမှာ ဘယ်သူမှမထိုင်တဲ့အတွက် ကျွန်တော်ထိုင်လို့ရနိုင်မလားဟင်"ရှေ့တန်းမှာ နေရာလွတ်ရှိနေတယ်ဆိုတာက သူတို့အခန်းထဲကို ကျောင်းသားသစ်တစ်ယောက်မှ ရောက်မလာသည့်အတွက်ကြောင့်ပင်။ထို့ကြောင့် ထိုနေရာကလစ်လပ်နေစမြဲ။
ဟျူကျောင်းက အံ့သြသင့်သွားရင်း သေချာအောင်လို့ ထပ်မေးလိုက်တယ်။
"ရှေ့တန်းမှာလား"အခြားအတန်းဖော်တွေကလည်း အနည်းငယ်ထိတ်လန့်သွားခဲ့ကြတယ် သူတို့ထင်တာ ကျင့်ရှီဝူက ရှန်ချန်းနားသွားထိုင်မယ်ပေါ့...
ကျင့်ရှီဝူက ပြောလိုက်သည်,"အဆင်ပြေတယ်မလား ဆရာမ"
"ကောင်းပြီး မင်းသွားထိုင်နိုင်တယ်"
ကျင့်ရှီဝူကလည်း နာခံမှုရှိစွာဖြင့်,
"ကျေးဇူးတင်ပါတယ် ဆရာမ"သူကရိုးသားပုံပေါက်ပြီးတော့ သူ့ရဲ့အကြောင်းပြချက်ကလည်း ပုံမှန်ပဲ။ဒါ့အပြင် သူပြောင်းချင်တဲ့ခုံက လေးလိုင်းမြောက်မှာရှိတဲ့အတွက် ရှန်ချန်းနဲ့လည်းဝေးတယ်။ဘယ်လိုပဲကြည့်ကြည့် မူမမှန်တဲ့ရည်ရွယ်ချက်မတွေ့ရဘူး။
ဒါပေမယ့် ဘယ်လိုပဲသာမာန်ဖြစ်နေပါစေ အဲ့တာကသာမာန်ဖြစ်နေပုံမပေါက်ဘူး ဟုတ်ပြီလား?!
သူကဘယ်သူမို့လို့လဲ,ကျင့်ရှီဝူက ဘာတစ်ခုမှမလုပ်တတ်ဘဲနဲ့ အနောက်တံခါးပေါက်ကနေ ဝင်လာတဲ့သူတစ်ယောက်လေ။အမြဲတမ်းပြဿနာရှာတတ်တဲ့ ဒီပြဿနာကောင်လေးကနောက်ဆုံးတော့ အသိတရားရသွားပြီလား..
အတန်းထဲမှာ ဆွေးနွေးသံတွေအလျှိုလျှိုထွက်ပေါ်လာသည် :
"ဘာတွေဖြစ်နေတာလဲ"
"သူဘာလုပ်ဖို့ ကြံနေတာလဲ"
"ကြည့်ရတာ သူအတန်းဖော်ရှန်ကို နှောင့်ယှက်ဖို့နည်းလမ်းသစ်ရှာနေတာဖြစ်မယ်"
YOU ARE READING
သံသယကြီးလွန်းတဲ့ဇာတ်လိုက်၏ဇနီးဟောင်းအဖြစ် ပြန်လည်ရှင်သန်လာခြင်း
RomanceTitle : Reborn As the Ex-wife of the Paranoid Male Lead AssociatedName(s) : 重生为偏执男主前妻 Author(s) : Zhi Tang / 稚棠 Genre(s) : Comedy, Romance, School Life, Slice of Life, Tragedy Status in COO : 122 Chapters + 2 extras @This is just fun translation. Cr...