136

8.2K 1.4K 132
                                    

{Unicode}

"လှုပ်ရှားတော့"

လေလံပွဲ မတိုင်ခင် တစ်ရက်တွင် ရန်ကျားလိသည် လှောင်အိမ်ထဲမှ ထွက်လာရသည်။

အချိန်အတော်ကြာ လှောင်ပိတ်ခံထားရပြီး လှောင်အိမ်ထဲမှ ထွက်နိုင်သည့် အခွင့်အရေးမှာလည်း နည်းပါးသည့်အတွက် ရန်ကျားလိ၏ ခြေလက်များသည် ထုံထိုင်းလုနီးပါး ဖြစ်နေခဲ့သည်။

သူသည် ခေတ္တမျှ နှိပ်နယ်နေပြီးမှ သွေးများက စီးဆင်းလာသည်ဟု ခံစားလိုက်ရပြီး ခြေလက်များလည်း ပြေလျော့လာတော့သည်။

ယဲ့ဖန်သည် တစ်ဖက်မှ ဆိုဖာပေါ် ထိုင်နေပြီး နှုတ်ခမ်းထက် စီးကရက်ကို ခဲထားကာ မျက်လုံးက စိုးထိတ်စရာ ကောင်းလှအောင် မည်းမှောင်နေသည်။

သူသည် ထိုကဲ့သိုသာ ရန်ကျားလိကို စေ့စေ့ စိုက်ကြည့်နေပြီး မည်သို့သော စကားမှ မဆိုပေ။ နှုတ်ခမ်းထက်၌သာ အဓိပ္ပါယ် နက်နဲသည့် ထောင့်ချိုးမျိုး ရှိနေပြီး ပြုံးရယ်နေရာ ရန်ကျားလိကိုပင် ကြက်သီးမွေးညင်းများ ထလာစေပြီး စိတ်ထဲ၌ပင် ကြောက်ရွံ ထိတ်လန့်လာစေသည်။

ရန်ကျားလိသည် အတတ်နိုင်ဆုံး ခေါင်းမော့လိုက်ပြီး အခိုင်အမာ ရှိလှသော အသံနှင့်

"ခင်ဗျား တောင်းဆိုထားတဲ့ အခြေအနေတွေ အားလုံးလည်း ယဲ့ထင် သဘောတူပြီးပြီနော်။ မနက်ဖြန်ပဲ လေလံပွဲ စတော့မယ်။ သူလည်း လေလံစာရွက်တွေကို အစားထိုးဖို မှီမှာမဟုတ်တော့ဘူး။ အခု ကျွန်တော့်ကို လွှတ်ပေးလို့ ရပြီမလား"

ယဲ့ဖန်သည် ခေါင်းငုံ့ထားပြီး လက်ချောင်းက ဆေးလိပ်ပြာမှုန့်များကို ခါနေကာ တိတ်တိတ်ဆိတ်ဆိတ် ရှိနေသည်။

ရန်ကျားလိသည် သူ၏ တုံ့ပြန်ပုံကို ကြည့်နေရင်း စိတ်ထဲတွင် မပြတ်မသား မတင်မကျမှုတို့ ဖြစ်လာသည်။

ရန်ကျားလိသည် တိတ်တိတ်ကလေး လက်သီးဆုပ်လိုက်ကာ

"ဘာပဲဖြစ်ဖြစ် ခင်ဗျားလိုချင်တာ အားလုံး ပေးပြီးပြီးနော်။ ကျွန်တော် သွားတော့မယ်"

သူသည် ကိုယ်ကို လှည့်လိုက်ကာ တံခါးအပြင်ဘက်သို့ ထွက်သွားချေတော့မည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now