☘1☘

979 51 45
                                    

"ငါတို့ ပတ်သတ်မှုကို ဒီနေရာမှာပဲ ရပ်လိုက်ကြရအောင် Jiminie...."

အေးချမ်းပြီးတိတ်ဆိတ်လှသည့် ညချမ်းအား ဖြိုခွင်းကာ ထွက်ပေါ်လာသည့် ထိုစကားအဆုံးတွင်တော့ Jiminရဲ့ မျက်ခုံးတန်းသို့သည် မယုံကြည်နိုင်မှုနှင့်အတူ အပေါ်ဘက်သို့ မြင့်တက်သွားပြီး ပြတ်ပြတ်သားသား ပြောချလာသည့် Yoongiအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"Hyung စကားက ဘာလဲ"

"ငါတို့ လမ်းခွဲကြရအောင်..."

တွန့်ဆုတ်ခြင်း အလျဥ်းမရှိဘဲ အေးစက်စက်နှင့် ပြောရက်လာသည့် Hyungကို ဘယ်လိုနည်းနဲ့မှ နားမလည်နိုင်ပါ။ဘာလို့ ရုတ်တရက်ကြီး လမ်းခွဲဖို့အကြောင်းပြောလာမှန်း သေချာမသိပေမယ့် Hyungဘက်က လမ်းခွဲချင်နေရင်လည်း ကျွန်တော့်ဘက်ကတော့ ဘယ်နည်းနဲ့မှ Hyungကို လမ်းခွဲပေးမည်မဟုတ်ပါ။

ကျွန်တော် Hyungကို ဘယ်လောက်ချစ်ပြီး ဘယ်လောက်မြတ်နိုးရသလဲ Hyungသိရက်နဲ့ လမ်းခွဲဖို့အကြောင်းအား ရုတ်တရက်ကြီး အကြောင်းပြချက်မရှိ ပြောလာချိန်မှာတော့ Hyung အပေါ် ဒေါသစိတ်ကလေး အနည်းငယ်ဖြစ်သွားရသည်။

ထို့ကြောင့် မျက်နှာချင်းဆိုင်မှာ ရှိနေသော Hyungရဲ့ ပခုံးနှစ်ဖက်အား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး Hyungမျက်ဝန်းတို့အား သေချာကြည့်ကာ ဘာကြောင့်လမ်းခွဲချင်နေရသလဲဆိုသည့်အကြောင်း မေးလိုက်မိသည်။

"ဘာလို့ လမ်းခွဲရမှာလဲ....အကြောင်းပြချက်က ဘာလဲ....ဘာလို့ Hyungက ကျွန်တော်နဲ့ လမ်းခွဲချင်နေရတာလဲ"

"အကြောင်းပြချက်တွေ လိုသေးလို့လား Jiminie...တကယ်ဆို ကိုယ်တို့က မဖြစ်နိုင်တဲ့လမ်းကို ရွေးခဲ့ကြတာပဲလေ...မဖြစ်နိုင်မှန်းသိရက်နဲ့ လျှောက်ခဲ့ကြတဲ့ ဒီလမ်းကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ရအောင်...ကိုယ်လည်းဒီထက်ပိုပြီး မပင်ပန်းချင်တော့ဘူး...မင်းကိုလည်း ဒီထက်ပိုပြီး မနာကျင်စေချင်တော့ဘူး"

"ကျွန်တော့်အတွက် နာကျင်မှုဆိုတာ Hyungဘက်က လမ်းခွဲကြမယ်လို့ ပြောလာတာလောက် ခံစားရတာ ရှိပါအုံးမလား..."

"ဒါပေမယ့် ကိုယ်ကတော့ ပင်ပန်းနေပြီ..."

မျက်ဝန်းစိမ်းစိမ်းများဖြင့် တစ်လုံးချင်းစီ ထွက်ကျလာသော စကားတို့ဟာ ကျွန်တော့်ရင်ထဲ ​မြှားအစင်းစင်းနဲ့ပစ်ခွင်းလိုက်သလိုပါပဲ။ကျွန်တော်နဲ့ ချစ်ခဲ့ကြစဥ်တစ်လျှောက်လုံးမှာ ​Hyungက ကျွန်တော့်ကြောင့်နဲ့ ပင်ပန်းနေခဲ့ရတာလား??

သဘာဝကို လွန်ဆန်၍☘[Completed]Where stories live. Discover now