☘3☘

367 30 40
                                    

"ရာသီဥတုက အရမ်းအေးလာပြီ...နွေးနွေးထွေးထွေး ဝတ်ထားနော်...
အအေးမမိစေနဲ့ Jiminie"

"အစားကို ဖြစ်သလို မစားနဲ့နော်...အာဟာရရှိတာ​တွေ များများစား...ကျန်းမာရေးကို ​သေချာဂရုစိုက်ပါ Hyung..."

"စာတွေလိုက်နိုင်ရဲ့လား...နေရတာရော အဆင်ပြေလား...တစ်ခုခု အခက်အခဲရှိရင် ကိုယ့်ကို ပြောနော်...စိတ်ညစ်စရာပဲဖြစ်ဖြစ် ဝမ်းနည်းစရာပဲဖြစ်ဖြစ်"

"Hyungကို အရမ်းလွမ်းတာပဲ...ပြန်လာတဲ့အခါကျရင် Hyungကိုအလွှတ်မပေးပဲ တစ်နေကုန် ဖက်ထားပစ်မယ်"

"ကိုယ်ဒီနေ့ ရာထူးတိုးတယ် Jiminie...အလုပ်ကအရမ်းအဆင်ပြေတာပဲ
ကိုယ် ပိုက်ဆံတွေလည်းအများကြီးစုမိနေပြီ
Jiminieပြန်လာရင် Jiminieအတွက် အိမ်တစ်လုံးဝယ်ပေးမယ်..."

"Hyung အလုပ်တွေနဲ့အများကြီး ပင်ပန်းနေမှာပဲ.....
ကျွန်တော်ပြန်လာရင် Hyungကိုဘာမှမလုပ်ခိုင်းပဲ အိမ်ထဲမှာပဲ ထားရမယ်..."

"Jiminieပြန်လာမယ့်နေ့ကို လက်ချိုးရေပြီး စောင့်နေတယ်....
ကိုယ်တို့ နီးစပ်ဖို့ သိပ်မလိုတော့ဘူးထင်တယ်"

"ကျွန်တော်ပြန်လာတာနဲ့ Hyungကို လက်ထပ်မယ်..."

"ကိုယ်တို့လက်ထပ်ပြီးရင် အေးချမ်းတဲ့နယ်မြို့လေးမှာ အတူနေပြီး ဘဝသစ်တစ်ခုတည်ထောင်ကြမယ်...."

လေးနှစ်ဆိုတဲ့အချိန်တွင်းမှာ အလွမ်းဒဏ်ကို အလူးအလဲရင်ဆိုင်ရလိမ့်မယ်ဟု ထင်ထားပေမယ့် တကယ်တမ်းတော့ လွမ်းဖို့အချိန်တောင် မရှိလောက်အောင် လေးနှစ်လုံးလုံး အဆက်အသွယ်မပြတ်ပဲ အချစ်တွေနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်။

တစ်နေရာစီဝေးနေကြပေမယ့်လည်း တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုတွေ၊နွေးထွေးမှုတွေ အားပေးမှုတွေနဲ့ အပြန်အလှန် ဆက်သွယ်ကြရင်း လေးနှစ်ဆိုသော အချိန်ကို အတူကုန်ဆုံးခဲ့ကြသည်။

အနေဝေးပေမယ့် နှလုံးသားချင်းတော့ အမြဲနီးစပ်ခဲ့သည်။ခွဲခွာနေရသည့် လေးနှစ်လုံးလုံး တစ်ယောက်တစ်နေရာဆီမှာ ရင်ဆိုင်ကြုံတွေ့​နေရသည့် အဖြစ်အပျက်မှန်သမျှ အပြန်အလှန် ရင်ဖွင့်ကြရင်း ပျော်ရွှင်စရာဆိုလျှင် အတူတူပြုံးကြရယ်ကြ....
ဝမ်းနည်းစရာဆိုလျှင်လည်း တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ပေးကာ တစ်ယောက်နဲ့တစ်ယောက်ကြား ပွင့်လင်းမြင်သာမှုများနှင့် ထပ်တူကျပြီးသား အချစ်စစ်တို့အား ပိုမိုခိုင်​မြဲ​စေခဲ့သည်။

သဘာဝကို လွန်ဆန်၍☘[Completed]Where stories live. Discover now