အပိုင်း(၁)

1.5K 91 0
                                    

အပိုင်း(၁) - ပြန်လည်မွေးဖွားခြင်း

"ဟေးးး"

"ဟူးးးး"

"ဟေးးး"

ပလက်ဖောင်းတစ်ခုပေါ်တွင် လူရာပေါင်းများစွာ စုဝေးကာ အော်ဟစ်အားပေးနေကြလေ၏။ လူအုပ်ပတ်ပတ်လည်တွင် ကားဒါဇင်များစွာ ရှိနေလေသည်။ ထိုအထဲမှ အများစုမှာ စူပါပြိုင်ကားများဖြစ်ကြသည်။ လူအများစု အာရုံစိုက်နေသည်မှာ ထွက်ခါကာနီးကားနှစ်စီးဖြစ်၏။ တစ်စီးမှာ ဈေးအကြီးဆုံး ဒေါ်လာလေးသန်းကျော်တန်သည့် 448 မော်ဒယ် အနီရောင် Ferrari ပြိုင်ကား ဖြစ်ပြီး ကျန်တစ်စီးမှာ ဈေးအပေါဆုံးဖြစ်သည့် ဒေါ်လာ ငါးသိန်းတန် Ford Mustang ကားဖြစ်သည်။ ကားနှစ်စီးသည် ဘေးချင်းယှဉ်ရပ်ထားပြီး သိသိသာသာပင် ပြိုင်ဆိုင်နေကြသည်။

၎င်းသည် ပေကျင်း၏ နောက်ပေါက် သခင်လေးဖြစ်သော လျိုဖုန်း နှင့် ပထမ သခင်လေးလေးယောက်ထဲမှ တစ်ယောက်ဖြစ်သော ကျန်းဟန် တို့၏ ပြိုင်ပွဲပင်။

ကျန်းဟန် ကားထိုင်ခုံပေါ်ကိုမှီချလိုက်သည်။ သူ၏အဝတ်အစားများက ရှုပ်ပွနေပြီး ဆံပင်များကလည်း ရှည်လျားနေလေ၏။ ခေါင်းကို ငုံလိုက်သောအခါ သူ၏မျက်လုံးများကို ဆံပင်များက ဖုံးအုပ်သွားသည်။ မည်သူကမှ သူ၏မှိတ်ထားသော မျက်လုံးများကို မမြင်နိုင်ကြဘဲ သူ၏မျက်နှာအောက်တစ်ခြမ်းမှသာ ကျန်းသခင်လေး၏ ချောမောသော ရုပ်ရည်ကိုသူတို့မြင်ရသည်။ သို့သော် သူ၏စိတ်အခြေအနေမှာ လက်ရှိတွင် စိတ်ဓာတ်ကျနေပေသည်။

လျိုဖုန်းဘက်တွင်မူ လမင်းကို ကြယ်များကဝန်းရံထားသည့်အလား သူ၏ညာဘက်ခြမ်းတွင် လူများဝန်းရံနေသည်။ သူ၏ အမူအရာက ကမ္ဘာကြီးတစ်ခုလုံး သူ့ခြေထောက်အောက်မှာရှိသည်ဟု ပြောနေသယောင် မြှောက်ကြွကြွနှင့်။

"ပွဲတိုင်းနိုင်တဲ့ ကျန်းသခင်လေးကို သွားကြည့်လိုက်ကြရအောင်"

လျူဖုန်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး အေးစက်စက်အပြုံးဖြင့် ‌ရှေ့ဆုံးမှလျှောက်လာသည်။

"ကျန်းသခင်လေး "

ထိုနေရာသို့ လျှောက်သွားသောအခါ လျူဖုန်းသည် ကျန်းဟန်၏တုံပြန့်မှုကို မတွေ့သဖြင့် ထူးဆန်းသောလေသံဖြင့်မေးလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now