အပိုင်း(၄၀)

391 36 0
                                    

အပိုင်း(၄၀) ပထမဆုံးဧည့်သည်

စားသောက်ဆိုင်သို့ပြန်ရောက်သည့်အခါ ကျန်းဟန်သည် မင်းသမီးလေးကို ဆိုဖာပေါ်တင်လိုက်ပြီး တီဗီဖွင့်ကာ ကလေးရုပ်သံလိုင်းတစ်ခုသို့ ပြောင်းလိုက်သည်။ ထိုနောက် မင်းသမီးလေးအတွက် ပထမဆုံးအစားအစာကို စတင်လုပ်ဆောင်တော့သည်။

ကျန်းဟန်သည် နွားနို့ကို အရင်ဆုံးကြိုလိုက်သည်။

ကျောက်ခိုင်ဝယ်ထည့်ထားပေးသည့် ထမင်းပေါင်းအိုးထုတ်လိုက်သည်။ ကျောက်ခိုင်သည် ကျန်းဟန် စားသောက်ဆိုင်ဖွင့်မည်မှန်းသိနေသဖြင့် သူဝယ်ပေးထားသည့် ထမင်းပေါင်းအိုးမှာ အတော်ကြီးသည်။

ကျန်းဟန်သည် ဘုံပိုင်ရေကို အသုံးပြုပြီး ဆန်ကို ၂ ကြိမ်ဆေးကြောလိုက်သည်။ ဆန်ကို ၂ ကြိမ်လောက်ဆေးကြောခြင်းသည် အနည်းနှင့်အများတော့ လုံလောက်ပေသည်။ ဆန်ကို ၃ ကြိမ်ထက်ပိုပြီး ရေးမဆေးသင့်။ ၃ ကြိမ်ထက်ပိုပြီး ရေဆေးလိုက်ပါက ဆန်၏အာဟာရဓာတ်အများအပြားသည် ရေနှင့်ပါသွားပြီး ချက်ပြီးသည့်အခါတွင်လည်း ထမင်း၏မွှေးရနံ့မှာ လျော့နည်းသွားပေမည်။

တတိယအကြိမ်မြောက်တွင် ကျန်းဟန်သည် ထမင်းပေါင်းအိုးထဲသို့ စိတ်ဝိညာဉ်ရေလောင်းထည့်လိုက်သည်။ ဆန်နှင့် စိတ်ဝိညာဉ်ရေ၏အချိုးမှာ ၁ : ၁.၂ ဖြစ်သည်။ လက်ဖြင့် ချိန်ပြီး ထည့်လိုက်ရင်ရပြီဖြစ်သည်။ ဆန်ပေါ်သို့ လက်ဝါးဖြင့်ဖိလိုက်ပြီး ရေပမာဏသည် ထမင်းထက်အနည်းငယ်ပိုနေသင့်ကာ ရေသည် လက်ဝါးနှင့် လယ်ဗယ်တူညီနေသင့်သည်။ ကျန်းဟန်သည် မကြာသေးမှီကပင် အထွေထွေဗဟုသုတအားလုံးကို လေ့လာထားခဲ့သည်။

အားလုံးခြုံပြောရလျှင် ယခု သူ့တွင် မုန့်မုန့်ရှိနေပြီဖြစ်သည်။ ကျန်းဟန်သည် အရာရာတိုင်းကို စတင်လေ့လာသင်ယူနေခဲ့သည်။

နွားနို့ကြိုရသည်မှာ အလွန်မြန်သည်။ အညှော်ထုတ်စက်သည် အလွန်ကောင်းသော်လည်း နို့၏မွှေးရနံ့က တစ်အိမ်လုံးကို လွှမ်းခြုံထားဆဲဖြစ်သည်။

"ဘယ်လောက်တောင် မွှေးလိုက်တဲ့အနံ့လဲ"

စားသုံးသူတစ်ယောက်သည် စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။ နို့၏အနံ့ကို ရှူလိုက်ပြီးနောက် တံတွေးမျိုမချဘဲ မနေနိုင်ပေ။ သူမ၏တစ်သက်လုံးတွင် ထိုကဲ့သို့ မွှေးကြိုင်လှသော နို့ရနံ့ကို တစ်ခါမျှ မခံစားဖူးပေ။ သူမသည် နွားနို့သောက်ရသည်ကို အမှန်တကယ်မနှစ်သက်သော်လည်း နို့သည် ချက်ချင်းပင် သောက်ချင်စိတ်ဖြစ်လာအောင် မွှေးရနံ့ဖြင့် ဆွဲဆောင်နိုင်မည်ဟု တစ်ခါမျှ မတွေးခဲ့မိပေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now