အပိုင်း(၁၂၇)

316 28 0
                                    

အပိုင်း(၁၂၇) သေနတ်သံများထွက်ပေါ်လာလေသည်

ထိုလူသည် စကားပြော၍မဆုံးခင်မှာပင် စစ်မြေပြင်တွင်သေဆုံးသွားသည့်စစ်သည်အလား မေ့လဲသွားသည်။

ဤအခိုက်အတန့်တွင် အခန်းထဲ၌ ပျော်ပါးနေကြသူများမှာ တကယ်ကို ပ‌ဟေဠိဖြစ်နေကြ၏။ သူတို့ ဘာတွေဖြစ်နေသလဲ မသိကြ။

လူအချို့မှာ ဘာတွေဖြစ်နေတာလဲ မေးချင်သော်လည်း ကြောက်လန့်တကြား ထွက်ပြေးလာကြသည့် လူတစ်ဒါဇင်ခန့်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည့်အရာတစ်ခုအား တွေ့လိုက်ရသလို တံခါးပေါက်သို့ စိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။ သူတို့လည်း ထိုသူတို့ကြည့်နေရာသို့ လှည့်ကြည့်လိုက်ကြသည်။

ဤချိန်တွင် တစ်ခန်းလုံးတိတ်ဆိတ်နေပြီး ကိုယ့်အသက်ရှူသံကိုသာ ကိုယ်ကြားနေရသည်။ ဆံပင်ကောက်ကောက်နှင့်လူ၊ မားချန်နှင့် လီအန်းနာတို့ပင် အံ့ဩနေကြသည်။ သို့သော် ပြဿနာရှာနေသည့်တစ်စုံတစ်ယောက်ဆိုသည်မှာ သူတို့အတွက် အကျိုးရှိသည့်သူဖြစ်သည်ကိုတော့ သိကြ၏။

လီအန်နာနှင့် ကျန်နှစ်ဦးပင် ကိုယ့်အဝတ်အစားကိုယ် ပြန်ဝတ်ပြီးနေပြီး ဘေးနားတွင် ပုန်းကွယ်နေကြသည်။

နောက်ဆုံးတွင်တော့ ၁၀ စက္ကန့်ကျော်အကြာ၌ သစ်သားစများမှာ တဖြည်းဖြည်းကျဆင်းသွားပြီး ပိန်ပိန်ပါးပါးပုံရိပ်တစ်ခု တဖြည်းဖြည်း ဝင်လာလေ၏။

"အစ်ကို...အစ်ကိုကျန်းဟန်"

လီအန်းနာ၏မျက်လုံးများမှာ တဖြည်းဖြည်းပြူးကျယ်လာပြီး မျက်ရည်များပြည့်လာပြန်သည်။ ဤအခိုက်အတန့်တွင် သူမ အမှန်တကယ် ရင်ထဲထိမိသွားသည်။ အကြောင်းမှာ ကျန်းဟန်က သူမအား ကယ်တန်ရန် လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့်ပင်။ ၎င်းက လီအန်းနာသည် သူမ၏စွဲမက်ဖွယ်မင်းသားလေးက ကျန်းဟန်ဖြစ်ကြောင်း သဘောပေါက်သွားစေခဲ့သည်။

သို့သော် ဤသည်က စိတ်ကူးယဉ်ဆန်သည့် အတွေးတစ်ခုသာဖြစ်ချေသည်။

ကျန်းဟန် အခန်းထဲဝင်လာပြီးနောက် သူသည် အခြားမည်သူ့ကိုမျှ မကြည့်ဘဲ ကင်းမြီးကောက်ကိုသည် တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now