အပိုင်း(၅၇)

361 33 0
                                    

အပိုင်း(၅၇) ရတနာရှာဖွေခြင်း

ကျန်းဟန်သည် ဒုတိယဆိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုဆိုင်သို့ ဦးတည်လိုက်သည်။ ပထမဆိုင်တွင် အစစ်အမှန်ပစ္စည်း တစ်ခုမျှမရှိချေ။ ထိုပစ္စည်းနှစ်ခု၏အနံ့မှာ အနည်းငယ်ကောင်းသော်လည်း ဆိုင်ရှင်ပြောသကဲ့သို့ ရှေးဟောင်းပစ္စည်းမဟုတ်ပေ။ ၎င်းမှာ နှစ် ၃၀ ခန့်သာ သက်တမ်းရှိသည်။

ဒုတိယဆိုင်မှာလည်း အလားတူပင်။

တတိယ၊ စတုတ္တထ၊ ပဉ္စမ...

လမ်းတစ်လျှောက်တွင် အကြမ်းဖျင်းအားဖြင့် ဆိုင်ပေါင်း ၄၀ မှ ၅၀ ခန့်အထိရှိသော်လည်း ပစ္စည်းအစစ်အမှန် တစ်ခုမျှမရှိချေ။

လက်ရှိတွင် ကျန်းဟန်သည် သူ၏စိတ်ဝိဉာဉ်စွမ်းအင် ၃ ပုံ ၂ ပုံခန့် အသုံးပြုထားပြီး ဆိုင်ငယ်လေးများကို လှည့်ပတ်ကြည့်ရန် ရည်ရွယ်ချက်မရှိဘဲ ထိုအစား လမ်း၏ တစ်ဖက်စီရှိဆိုင်များကြားသို့ လျှောက်သွားရန်ဆုံးဖြတ်လိုက်သည်။

ဆိုင်ထဲရှိပစ္စည်းများအားလုံးသည် အစစ်အမှန်များမဟုတ်ကြဘဲ ရတနာပစ္စည်းအစစ်အမှန်များမှာ အလွန်နည်းပါးသည်ဟုဆိုနိုင်သည်။ သို့သော် အပြင်ဘက်ရှိဆိုင်များထက်ယှဉ်လျှင် ပို၍ အစစ်အမှန်တွေ့နိုင်ချေ မြင့်မားပေသည်။

မုန့်မုန့်ကောက်ကိုင်ခဲ့သည့် အသုံးအဆောင်ပစ္စည်းအနည်းငယ်မှလွဲ၍ အခြားမည်သည့်ပစ္စည်းမျှ ဝယ်ယူခြင်းမရှိခဲ့ချေ။

သူတို့သားအဖသည် ဝမ်ချင်ရှေးဟောင်းပစ္စည်းဆိုင် ဟုခေါ်သည့် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားကြသည်။ ဆိုင်မှာ အတော်လေးကျယ်ဝန်းပြီး အထဲတွင် ဝယ်သူအနည်းငယ်သာရှိသည်။ သူတို့အားလုံးသည် စင်ပေါ်ရှိပစ္စည်းများကို အကဲခတ်နေကြသည်။

"ကျောက်စိမ်းကို ကျောက်တုံးရဲ့အနှစ်သာရနဲ့ပြုလုပ်ထားပြီး လက်မှုပညာနဲ့ပေါင်းစပ်ထားတာကြောင် ဒါကို ဟဲထျန်းကျောက်စိမ်းလိုခေါ်ပါတယ်။ သခင်မလေး ဒီ ဟဲထျန်းကျောက်စိမ်းလက်ကောက်ကာ အလွန်လက်ရာမြောက်ပြီး လက်ဆောင်ပေးဖို့အတွက် အရမ်းကောင်းပါတယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now