{part-1}

22 6 0
                                    

        This story just a fiction !

Fiction ဆိုတဲ့အတိုင်းဒါဟာအဂီ့ စိတ်ကူးသပ်သပ်မို့ဘယ်သူ့ကိုမှလဲရည်ရွယ်ခြင်းမရှိသလို ဘယ်သူ့ကိုမှလဲ ထိခိုက်လိုခြင်းမရှိပါဘူးနော် ။

လိုအပ်ချင်တွေအများကြီးရှိပေမယ့် ဖတ်ပေးကြပါဦးနော် (o´・_・)っ

*

*

*

*

*

*





ညဉ့်ဦးပိုင်းလောက်က မိုးရွာထားခြင်းကြောင့်
ပုံမှန်ခြောက်သွေ့သောမြေပြင်မှာ
စိုထိုင်းထိုင်းဖြစ်နေသယောင်....

" ကိုမင်းနိုင် ၊ကိုမင်းနိုင်.... "

မိုးကျော်၏ပျာတိပျာယာဖြင့် ခေါ်သံမှာ
မင်းနိုင်၏စိုးရိမ်စိတ်များအား
အထွပ်အထိပ်သို့ယူဆောင်သည် ။

" မိုးကျော် ၊ဘာ.. ဘာဖြစ်တာလဲ
ငါ့ကိုမြန်... မြန်မြန်ပြောစမ်းပါကွာ "

" ကိုမင်းနိုင်မိန်းမဗိုက်နာလို့တဲ့ ၊
ကျွန်တော်ကြီးတော်မြင့်ကိုတော့ ‌
စောင့်ပေးဖို့ထားခဲ့တယ် "

*
*
*

    အချိန်အားဖြင့် ...

မိုးသောက်ယံ ၊အာရုဏ်ဦးအချိန်ဖြစ်သည် ။
စိုထိုင်းထိုင်းရာသီဥတုနှင့် ကျေးငှက်များ၏‌
တကျီကျီ တေးသီသံတို့မှာ
သာယာနာပျော်ဖွယ်အတိ ။ ပတ်ဝန်းကျင်မှ အရာအားလုံးသည်ကာရံညီစွာ
အလျင်းသင့်နေသည် ။

ခြံရှေ့တွင်အိမ်ရှင်များအားစောင့်ကာ
ငုတ်တုတ်ငိုက်ကာနေသည့်
မင်းနိုင်တစ်ယောက်
" ကိုမင်းနိုင်မိန်းမဗိုက်နာနေပြီ " ဟူသော
စကားလုံးများကြားအရာအားလုံးကို
သတိမူနိုင်စွမ်းမရှိတော့ ။

သူ့စိတ်တွေအားလုံးမှာတော့ ခြံကြီးရဲ့အစွန်အဖျားနေရာတွင်ရှိနေသော ပျဉ်ထောင်အိမ်ပုလေးစီ....
ခြေလှမ်းအစုံတို့ဟာလဲ စိတ်အစဉ်တို့နဲ့
ထပ်တူကျနေသယောင် ။

*
*
*

" မိန်းမ... မိန်းမ ကိုယ်လာပြီ ၊
ဘာမှမကြောက်နဲ့တော့‌ ၊ နော်... "

𝐾𝑦𝑤𝑎𝑦 { ကြွေ } Where stories live. Discover now