{part-3}

6 3 0
                                    


" သိုက်ဧကရီထွန်း !
‌မေမေပြောနေတယ်လေ ။ "

" မသိချင်ဘူး သိုက်'ကြွေနဲ့တစ်တန်းထဲအတူတူမတက်ရရင်ကျောင်းလုံးဝ မတက်နိုင်ဘူးမေမေ "

" တောက်! မိသိုက် မဖြစ်နိုင်တာကိုမပြောနဲ့လေဟိုးငယ်ငယ်လေးထဲက မင်းလိုချင်တာမှန်သမျှကိုမေမေလိုလေသေးမရှိ‌အောင် ဖြည့်စည်းပေးခဲ့တယ် မဖြစ်နိုင်တာကိုတော့
မတောင်းဆိုရဘူးလေ  "

" အို... သိုက်မသိဘူး ၊သိလဲမသိချင်ဘူး
သိုက်သိတာတစ်ခုထဲပဲ အဲ့ဒါဟာကြွေနဲ့
တစ်ကျောင်းထဲတစ်တန်းထဲမှာ
တက်ချင်တယ်ဆိုတာပဲ မေမေသိုက်ရဲ့
ဆန္ဒကိုဖြည့်စည်းပေးပါ "

*
*
*

အသက်ဆယ့်‌ခြောက်နှစ်အရွယ်
သိုက်ဧကရီထွန်းမှာ
ကျောလယ်ထိရှိကာနက်မှောင်သော
ဆံပင်ရှည်များရှိသလိုအပျိုဖျန်းအရွယ်ပီပီ
ရှိသင့်သလောက်ခန္ဓာကိုယ်အချိုးအစားဖြင့်ပနံသင့်လှသူဖြစ်သည်။
မိဘများ၏ချစ်ခင်အလိုလိုက်မှုတို့ကြောင့်
ငယ်စဉ်ကထက်ပင်ခေါင်းပိုမာလာသည် ။
အခုလဲ နွေပွင့်ခတ်ကြွေနှင့်တစ်တန်းထဲအတူမတက်ရလျှင်ကျောင်းမတက်ဘူးဟုဆိုကာ
ထမင်းမစား‌ရေမသောက်အခန်းအပြင်ပင်
မထွက်ပဲဆန္ဒပြနေခြင်းမှာ တစ်နေကုန်ရှိနေပြီဖြစ်သည် ။

*
*
*

" အကို အကို့သမီးဂျီကျနေပြန်ပြီ "

အလုပ်ကပြန်လာလာချင်းကြားလိုက်ရသောစကားကြောင့်ဦးသိုက်ထွန်းအဖို့ သက်ပျင်းတစ်ချက်ချမိသည် ။

ဒေါက် ၊ဒေါက် ၊

" သမီးငယ် ဖေဖေပါ
တံခါးလေးလာဖွင့်ပါဦး "

" မဖွင့်ဘူး ဘယ်သူမှမလာကြနဲ့သွား "

" ဖေဖေ့သမီးလေးဘာဖြစ်တယ်ဆိုတာကိုပြောပြမှဖေဖေကသိမှာပေါ့ကွဲ့ "

" ဒါဖြင့် သမီးဆန္ဒကိုလိုက်လျောပေးမယ်
လို့ပြောလေ ဒါဆိုသမီးတံခါးဖွင့်ပေးမယ် "

" သမီးဆန္ဒကဘာလဲဆိုတာဖေဖေ့ကိုပြောပြပေါ့ကွဲ့ ပြီးမှသင့်လျော်၏ မသင့်လျော်၏ဆိုတာကိုဖေဖေဆုံးဖျတ်မှာပေါ့ "

မိဘနှစ်ပါးထဲမှဖခင်ဖြစ်သူကပိုအလိုလိုက်သည်ကို သိုက်ကောင်းကောင်းသိသည် ။
ဖခင်ရင်ခွင်ထဲဝင်ကာချွဲပြလိုက်တာနဲ့
သူလိုချင်တာအကုန်ရသည်လေ ။
ဒီလိုဆိုတော့လဲသူအနုနည်းသုံးဖို့
ပြင်လိုက်သည် ။

You've reached the end of published parts.

⏰ Last updated: Mar 30, 2022 ⏰

Add this story to your Library to get notified about new parts!

𝐾𝑦𝑤𝑎𝑦 { ကြွေ } Where stories live. Discover now