{part-2}

6 3 0
                                    


" ကြွေ..... "

" ကြွေ...... ကြွေ ၊ ကြွေ ၊ ကြွေ ၊ကြွေ "

" မိဧကရီ ၊ကလေးမဘယ်လိုဖြစ်နေတုန်း
အဲ့လိုအော်နေမယ့်အစားအိမ်ပေါ်တက်
လာလိုက်ပါလား ပတ်ဝန်းကျင်ကို
ဂရုစိုက်ရမယ်လို့ကြွေပြောထားတယ်လေ "

" ဟင့် ၊ကြွေက ဧကီ့ကိုမချိပါဝူး
မေမေနဲ့တိုင်ကြောမယ် ကြွေ့ကို "

လေးနှစ်သမီးအရွယ်သာရှိသေးသော
ဧကရီဆိုသည့်ကလေးမလေးက မပီကလာ
ပီကလာအသံသေးသေးလေးဖြင့် သူ့နမည်အားအကျယ်ကြီးလာအော်နေခြင်းကြောင့် ဖေဖေ့အလုပ်ရှင်၏သမီးမှန်းသိပေမယ့်လဲ
ကြွေစိတ်ဆိုးမိသည် ။သို့ပေမယ့်လဲဖေဖေ့အလုပ်ရှင်၏သမီးတစ်ဖြစ်လဲ ထိုကလေးလေး မွေးခါစထဲက တူတူဆော့ပေးထိန်းပေးကာညီမအရင်းလိုဖြစ်နေပြန်တာလဲတစ်ကြောင်း ကြွေဒီအမြင်ကပ်စရာကလေးမလေးအားမမုန်းမိ ၊
သူသိပ်ကိုချစ်ရပါသည် ။

အဖေတစ်ခုသမီးတစ်ခုဘဝမှာ အဖေတစ်နေကုန်အလုပ်လုပ်နေချိန် ကြွေ့အတွက်အဖော်ပြုစရာဆိုလို့ ' သိုက်ဧကရီထွန်း ' ဆိုတဲ့ကလေးမလေးနှင့်
သူတို့သားအဖနေထိုင်ရာပျဉ်ထောင်အိမ်ပုလေးအနီးရှိပိတောက်ပင်ကြီးတို့သာရှိသည် ။
ကြွေ့မိခင်မှာတော့ဖြင့် ကြွေ့ကိုမွေးပြီးတစ်နှစ်လောက်အကြာမှာပင်နှလုံးရောဂါဖြင့်ဆုံးပါးသွားခဲ့လေပြီဖြစ်သည် ။

" ချစ်တာပေါ့ဧကရီလေးရဲ့ ကြွေကဧကရီလေးကိုချစ်လွန်းလို့တောင် လူတိုင်းခေါ်တဲ့ 'သိုက်' ဆိုတဲ့
နမည်တောင်မခေါ်ဘဲ ဧကရီလေးလို့ပဲ
ခေါ်တာလေကွယ်  "

အသက်ခြောက်နှစ်အရွယ် သူငယ်တန်းသာရှိသေးသည့်
နွေပွင့်ခတ်ကြွေ လေးသည်အမကြီးတစ်ယောက်သဖွယ်ပြုမူကာသိပ်ကိုကြင်နာတတ်လှပါသည် ။

" ဟွန့် သိဝူး ၊သွား ရာခေါ်နဲ့ "

" ခေါ်မှာပဲကွာ "

" ဟွန့်! အာ့ချိုအာဘွားပေး "

ကြွေတစ်ယောက် နှခေါင်းရှုံ့ကာပြုံးရုံပြုံးသည် ။
သူကြိုသိတာပေါ့ သိုက်ဧကရီထွန်း ဆိုတဲ့
မိငလည်မလေးက စိတ်မဆိုးလဲဆိုးချင်
ယောင်ဆောင်ပြီးသူ့ဆီက အာဘွားတွေညာညာတောင်းတတ်သည်ပင် ။
မပေးလျှင်သူမခြိမ်းခြောက်သည်က ...

" ဖေဖေနဲ့ယဲတိုင်မယ် မေမေနဲ့ယဲတိုင်မယ် ၊
ဘိုးဘိုးနဲ့ယဲ တိုင်မယ် ဘွားဘွားနဲ့ယဲတိုင်မယ် ၊
လူကြီးတေနဲ့ယဲတိုင်မယ်
ညို့(မြို့)တော်ဝန်နဲ့ယဲတိုင်မယ်
ဖျား(ဘုရား)နဲ့ယဲတိုင်မယ် ဟွန့်! " ဆိုကာ
တစ်ရဆတ်ပါးစပ်သေနတ်ပစ်သည်ပင် ။

" အဲ့ဒါဆို ကြွေ့ကိုဂတိတစ်ခုပေးမလား "

" ဘာဂီတိယဲ "

" ကြွေ့ကိုကြွေလို့မခေါ်ပဲ မမကြွေလို့
ပြောင်းခေါ်ရမယ် "

" ဟာ ၊ခေါ်ချင်ပါဝူး ကြွေကကြွေပဲ ဧကီ့
အပိုင် ဧကီ‌ခေါ်ချင်သလိုခေါ်မာပဲ "

အသားလေးဖွေးဖွေးဖြူကာ ပြည့်ပြည့်
ဖောင်းဖောင်းလေးနှင့် ဆံပင်နှစ်ဖက်ခွဲချည်
ထားသော ချစ်စရာကလေးမလေးကဒီလောက်ခေါင်းမာလိမ့်မယ်လို့ဘယ်သူထင်လိမ့်မလဲ ။
ပြောလို့ရမှာလဲမဟုတ်တာသိတဲ့အတွက်ကြောင့် သူတောင်းဆိုတိုင်းသာလိုက်လျောရတော့သည် ။
ပိတောက်ပင်ခြေရင်းအောက်မတ်တပ်ရပ်နေသော ပိစိမလေးရှေ့ဒူးထောက်လိုက်ကာ....

နှဖူးလေးကိုခပ်ဖွဖွနမ်းတော့ တခစ်ခစ်
ရယ်သံလေးနောက်ကြွေပါသဘောတကျ
လိုက်ရယ်မိတော့သည် ။

" ရပြီလား မယ်မင်းကြီးမလေးရေ "

" ရပြီ ရပြီ ဟီး...
နောက်ခါချိုရင်လေ နှဖူးကိုကောနှုတ်ခမ်း
ကိုကောနှစ်ခုပေးရမာညော် "

ဖောင်းဖောင်းကစ်ကာ‌ဖြူဖွေးနေသော
လက်ပိစိလေးနှစ်ချောင်းအားထောင်ကာ
ပြောလာပုံမှချစ်စရာအတိ ။

" ဟုတ်ပါပြီရှင် "

ပိတောက်ပင်ကြီးမှာလဲ ထိုကလေးမလေးနှစ်ယောက်ကဲ့သို့ပျော်နေဟန် မြစိမ်း‌ရောင်သစ်ရွက်များမှာ လေအရှေ့ကဝန်းကာ'ကာ ဝေ့ပတ်လျက် မြေပြင်သို့ကြွေဆင်းလာကြသည် ။

လေးနှစ်အရွယ်ကလေးမလေးနှင့်သူမရှေ့တွင်ဒူးထောက်ထိုင်နေသောကလေးမလေးတို့နှစ်ယောက်ရှိသလို ထိုကလေးမလေးနှစ်ယောက်အားအုပ်မိုးပေးထားသော ပိတောက်ပင်ကြီးမှာလဲဆောင်တွင်းမို့ပိတောက်ပွင့်များမရှိသော်လဲ ‌စိမ်းလဲ့လဲ့ ပိတောက်ရွက်များဖြင့်သာခန့်ထည်လျက်ရှိနေပြန်သည် ။

ထိုမြင်ကွင်းအားမြင်ရသူအဖို့ငှာ သိပ်လှလိုက်တဲ့ပန်ချီကားလေးတစ်ချပ်ပါလားလို့
ရေရွတ်မိသည်အထိ ။
    

                               ...................

𝐾𝑦𝑤𝑎𝑦 { ကြွေ } Where stories live. Discover now