အပိုင်း(၃)

802 74 0
                                    

အပိုင်း(၃) - သမီးလေးလား

ဒေါင်ဟူသည် လောလောဆယ် လျိုဖုန်းကို တောင်းပန်နေရပြီး တစ်စုံတစ်ခုကို ရှင်းပြနေ၏။ သို့သော်လည်း လျိုဖုန်းသည် ဒေါင်ဟူ၏ပါးနှစ်ဖက်ကို တစ်ဖက် ငါးချက်စီရိုက်နေသည်ကို မြင်နိုင်ပေသည်။ ပါးရိုက်ပြီးနောက် လျိုဖုန်းသည် သူ့သူငယ်ချင်း၏ကားအတွင်းသို့ဝင်ကာ ထွက်ခွာသွားသည်။

"အမှိုက်ကောင်ကျန်းဟန်က နိုင်သွားလိမ့်မယ်လို့ ငါဘယ်လိုလုပ်သိမှာလဲ။ ငါကားကို သေချာဘရိတ်မှာပြဿနာရှိအောင်လုပ်ထားတာကို။ ချီးပဲ"

ဒေါင်ဟူ ဒေါသတကြီးကျိန်ဆဲကာ သူ၏ဖို့ဒ်မက်စ်တန် အတွင်းသို့ဝင်ကာ လီဗာကို နင်းလိုက်သည်။

"ဘွန်းးး"

ဖို့ဒ်မက်စ်တန်သည် အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ထွက်သွားသည်။ သို့သော် ဘရိတ်ပေါ်သို့ သူခြေနင်းလိုက်သောအခါ ကားဘရိတ်မှာ ပြဿနာရှိနေပြီး အလုပ်မလုပ်ဘူးဆိုသည်ကို တွေ့လိုက်ရသည်။

တဖြည်းဖြည်းနီးကပ်လာသော တောင်စောင်းကို ကြည့်ကာ ဒေါင်ဟူ၏မျက်နှာသည် ကြောက်ရွံ့မှုကြောင့်ဖြူဖျော့သွားပြီး မျက်လုံးများကျဉ်းမြောင်းသွားသည်။

"ဘန်း . . ဘန်း . . ဘန်း ..."

ဝံပုလွေ(လန်ရှင်း)တောင်တန်းကြီးတစ်ခုလုံးတွင် ကားတစ်စီး အထက်အောက်လန်နေသည့်အသံများ ပဲ့တင်ထပ်သွားပြီး ထွက်ခွာသွားသောသူများသည် ဘာတွေဖြစ်ပျက်နေလဲဆိုသည်ကို လှည့်ကြည့်လိုက်သောအခါ သူတို့၏မျက်နှာများ ပြောင်းလဲသွားသည်။

ဖယ်ရာရီကို ဝံပုလွေ(လန်ရှင်း)တောင်မှ မောင်းထွက်လာစဉ် ကျန်းဟန်၏နှုတ်ခမ်းထောင့်တွင် မထီပြုံးတစ်ခုကပ်ပါလာသည်။

လက်ရှိတွင် ကျန်းဟန်သည် ပေကျင်းမြို့တော် ဝူဟွမ်လမ်းရှိ သာမန်ခပ်ညံ့ညံ့တိုက်ခန်းတစ်ခုတွင်နေထိုင်သည်။ သူ၏တိုက်ခန်းသို့အပြန်ခရီးတွင် ကျန်းဟန် စတင် တွေးတောလိုက်သည်။

"အခုချိန်ထိ ငါ့မှာ ချီဓာတ် အရိပ်အယောင်တောင် မရှိဘူး။ လောလောဆယ် ဘယ်ကျင့်ကြံခြင်းနည်းလမ်းကိုမှ လှည့်ပတ်နိုင်စွမ်းမရှိသေးဘူး။ ပြောရရင် ငါအခု သာမန် သေမျိုးတစ်ယောက်ပဲ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now