အပိုင်း(၅)

687 68 0
                                    

အပိုင်း(၅) - ဟန်ယန်အင်မော်တယ်ဧကရာဇ်၏ ပုံပြင်

မုန့်မုန့်သည် ကောင်းမွန်သော ကိုယ်ဟန်အနေအထားဖြင့် ဘယ်လက်က ခက်ရင်းကို ကိုင်ကာ ညာလက်ကာ ဓားကိုကိုင်ထားသည်။ သို့သော် အသားကင်ကို လှီးဖြတ်သည့်အခါ ၎င်းက သူမလေးအတွက် ခက်ခဲလွန်းနေသေးသည်။

"ဖေဖေ သမီးကို အသားလှီးပေးလို့ရမလား"

ကျန်းဟန်ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"အိုး.. သမီး သေးသေးလေးပဲလိုချင်တယ်" မုန့်မုန့်သည် ကျန်းဟန်အားသတိပေးလိုက်သည်။

"သေချာလား သေးသေးလေးပဲနော်"

ကျန်းဟန် အသားကို အတုံးသေးသေးလေးများ လှီးလိုက်သည်။ ထို့နောက်တွင်တော့ သားအဖနှစ်ယောက်၏ စတင်တွေ့ဆုံပြီးကတည်းက ပထမဆုံးအကြိမ် အဆင့်အတန်းမြင့်မြင့် ညစာစားပွဲကို စတင်ခဲ့လေသည်။

ညစာစားပြီးနောက် ကျန်းဟန်၏ဖုန်းမြည်လာသည်။ ဖုန်းကိုင်လိုက်သည်နှင့် ၎င်းသည် လျိုဖုန်း၏ငယ်သားတစ်ဦးထံမှ ဖြစ်ပြီး ကားအတွက် လုပ်ထုံးလုပ်နည်းများကို ဆက်တိုက်ပြင်ဆင်ပြီးဖြစ်ကြောင်း ကျန်းဟန်အား အကြောင်းကြားရန် ခေါ်ဆိုခြင်းဖြစ်သည်။

နာရီဝက်အကြာတွင် ဟိုတယ်၌ထိုငယ်သားနှင့်တွေ့ဆုံပြီးနောက် ကျန်းဟန်သည် စာရွက်စာတမ်းများကို သိမ်းဆည်းကာ ဖယ်ရာရီအား ဓာတ်ပုံရိုက်ရန် ကားပါကင်သို့ သွားခဲ့သည်။ အခန်းသို့ပြန်ရောက်သောအခါ ဖုန်းဖြင့် ဖယ်ရာရီကားကို ကားအရောင်းဝဘ်ဆိုဒ်မှာ ချင်ချင်းအရောင်းပို့စ်တင်လိုက်သည်။

ပို့စ်တွင် ပါရှိသော ဖယ်ရာရီ၏တန်ဖိုးမှာ ယွမ် ၂ သန်းသာရှိသည်။

ကျန်းဟန်ပို့စ်တင်လိုက်ပြီးနောက်...

အခြားတစ်ဖက်တွင် အလုပ်သိမ်းရန်ပြင်နေသော အရောင်းဝဘ်ဆိုဒ်ကုမ္ပဏီ၏ဝန်ထမ်းတစ်ယောက်သည် ရုတ်တရက်ထိုပို့စ်ကို တွေ့လိုက်သည်။

ဝန်ထမ်းသည် ပို့စ်ကို သေချာ ဆွဲကြည့်ရင်း သူ၏မျက်လုံးများ ပြူးကျယ်သည်ထက် ပြူးကျယ်လာပြီး အော်လိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now