အပိုင်း(၆)

612 65 0
                                    

အပိုင်း(၆) - ထွက်ခွာခြင်း

"ဘယ်လောက်တိုက်ဆိုင်လိုက်လဲ။ အခုပဲ လေယာဉ်လက်မှတ်နှစ်စောင် ကြိုတင်မှာထားမယ်လုပ်မှ ဘဏ်ထဲမှာ ပိုက်ဆံမရှိဘူးဆိုတာ သိလိုက်ရတယ်။ အဲ့အချိန်မှာပဲ ညီမ အစ်ကို့ကို့ပို့ပေးတဲ့ ငွေက ရောက်လာတယ်" ကျန်းဟန်ခပ်ဖျော့ဖျော့ရယ်မောလိုက်သည်။

"အွန်း...အမ်?" ကျန်းလီ ဘာသိဘာသာခေါင်းညိတ်လိုက်ပြီးမှ တအံ့တဩဖြင့်

"လေယာဉ်လက်မှတ်ဝယ်တာလား? အစ်ကို မင်းသေချာလို့လား"

"ဟုတ်တယ်။ ငါတခြားတစ်နေရာကို သွားမလို့" ကျန်းဟန်ပြောလိုက်သည်။

"နောက်ဆုံးတော့ အစ်ကို ပေကျင်းကနေ ထွက်သွားဖို့ ဆန္ဒရှိပြီပေါ့။"

ကျန်းလီ၏အသံမှာ တုန်နေပြီး သူမ၏လေသံတွင် ပျော်ရွှင်မှုများရှိနေသည်။

"အမှန်ပဲ ။ ညီမလေးပြောသလိုပဲ ပေကျင်းမှာနေလည်း အစ်ကို အများကြီးစုံစမ်းနိုင်မှာမဟုတ်ဘူး။ ကိုယ်ကပိုပြီးသန်မာလာမှ အရာအားလုံး သူဟာသူ နေရာကျလာလိမ့်မယ်" ကျန်းဟန်ပြောလိုက်သည်။

"အစ်ကိုနားလည်သွားပြီပေါ့"

ကျန်းလီမေးလိုက်သည်။

"ဒါနဲ့ အစ်ကိုဘယ်ကိုသွားချင်တာလဲ"

"ဟောင်ကောင်" ကျန်းဟန်ပြန်ဖြေလိုက်သည်။

"မင်းကိစ္စတွေဖြေရှင်းပြီးရင် ညီမလေးလည်း ဟောင်ကောင်ကို လာသင့်တယ်။ မင်းရဲ့အစ်ကိုကြီးနဲ့ အတူတူလာပြီး ဘဝကိုပျော်ပျော်နေလိုက်ပါ"

"ညီမလေးလည်း အခု ဟောင်ကောင်မှာနေတာပဲ" ကျန်းလီဖြည်းညှင်းစွာပြောသည်။

"အိုး...မနက်ဖြန်ညနေ ၆ နာရီမှာ ဒီကနေလေယာဉ်ထွက်ပြီး ဟောင်ကောင်လေဆိပ်ကို ည ၉ နာရီခွဲလောက်ရောက်မယ်။ ညီမလေး အစ်ကို့ကို လာကြိုပေးလို့ရတယ်" ကျန်းဟန် ပြောလိုက်သည်။

ကျန်းလီခနတုံ့ဆိုင်းသွားပြီး ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ။ ဒါနဲ့ စောစောက လေယာဉ်လက်မှတ်နှစ်စောင် ကြိုတင်မှာထားတယ်လို့ အစ်ကိုပြောခဲ့တယ်။ ဘယ်သူနဲ့လာမှာလဲ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now