အပိုင်း(၇)

586 60 0
                                    

အပိုင်း(၇) - ဇီယန်၏ထိတ်လန့်မှု

ဇီယန်ခေါင်းညိတ်လိုက်သည်။ သူမ ဖုန်းကိုရှာရန် သူမ၏အိတ်ကို ကောက်ကိုင်လိုက်သည်။

"ငါ အမ်မလီကို ဖုန်းခေါ်လိုက်ဦးမယ်"

ကလေးမလေးအကြောင်းပြောသောအခါ ကျိုးဖေးသည် ဇီယန်အား မျက်လုံးမှေးကြည့်လိုက်ပြီး ပြောလိုက်သည်။

"အစ်မ ဘယ်လိုလုပ် အမ်မလီကို အဲ့ဒီရှုပ်ပွနေတဲ့နေရာကြီးမှာ ထားခဲ့လဲဆိုတာ ကျွန်မနားမလည်ဘူး။ အဲ့ဒီက ရောဂါပိုးမွှားတွေကြောင့် ကလေးလေး နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ"

"အင်း အမ်မလီက သူရဲ့သမီးပဲလေ သူ တစ်ကိုယ်ရေသန့်ရှင်းရေးကိုတော့ ဂရုစိုက်လောက်မှာပါ" ဇီယန်သည် ဖုန်းကို ထုတ်လိုက်ပြီး ကျန်းဟန်၏နံပါတ်ကို ခေါ်ဆိုရင်း မသေချာမရေရာသော စကားဖြင့်ပြောလိုက်သည်။

တူ.....တူ....တူ.....

ဖုန်းမကိုင်ခင် ဆယ်ခါကျော်ကျော် မြည်ပြီးမှ ဖုန်းကိုင်လာသည်။

ဖုန်းထဲမှ တဆင့် သမီးလေး၏ နူးညံ့ရွှင်လန်းသောအသံကို ကြားလိုက်ရသည်။

"မေမေ မေမေ့ကိုအရမ်းလွမ်းတာပဲ"

သမီးဖြစ်သူ၏ အသံကိုကြားလိုက်ရတော့ ဇီယန်၏စိတ်မပျော်ရွှင်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး

"အမ်မလီ သမီးဖေဖေရဲ့နေရာမှာ ကစားရတာပျော်ရဲ့လား"

"အာ... မေမေသမီးကို နာမည်မှားခေါ်နေတယ်။ သမီးက အမ်မလီမဟုတ်ဘူး"

"ဒါဆို သမီးကဘယ်သူလဲ" ဇီယန်သည် သူမ၏သမီးလေးက စနောက်နေသည်ဟုထင်ကာ ပြုံးလိုက်သည်။

"သမီးက ကျန်း..ယွီ..မုန့်... မုန့်မုန့်...မုန့်မုန့်..." မုန့်မုန့်သည် ရွင်မြူးသော အသံဖြင့် ပြောလိုက်သည်။

၎င်းကို ကြားလိုက်သောအခါ ဇီယန်၏အမူအရာမှာ တောင့်တင်းသွားပြီး သူမအလန့်တကြားတွေးလိုက်သည်။

'ကျန်းယွီမုန့် ... သူက အမ်မလီကို နာမည်အသစ်ပေးခဲ့တာလား။ ဖြစ်နိုင်တာက သူငါ့ဆီကနေ အမ်မလီကို ခေါ်ထုတ်သွားချင်တာများလား'

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now