အပိုင်း(၈)

562 57 0
                                    

အပိုင်း(၈) နယ်မြေစီမံကိန်း

ကျန်းဟန်သည် သူလိုချင်သည့်အတိုင်း ဒိုမိန်းနယ်မြေကို ပြောင်းလဲရန် အခွင့်အရေးသုံးကြိမ်ရှိသည်။ တတိယအကြိမ်ပြီးလျှင်‌တော့ ကုန်းမြေအတွက် သူလုပ်ချင်တာမှန်သမျှ ကိုယ့်လက်နဲ့ကိုယ်လုပ်ရမည်ဖြစ်သည်။

ပြောင်းလဲခြင်း၏စွမ်းအားသည် အဆုံးမဲ့ မဟုတ်ချေ။ ယန်မိုးကြိုးသစ်ပင်၏ စွမ်းအင်မှာ အကန့်အသတ်နှင့်ဖြစ်ပြီး ကျန်းဟန်သည် ချီစုဆောင်းခြင်းအဆင့်သို့ တက်လှမ်းရန် စွမ်းအင်၏ တစ်စိတ်တစ်ပိုင်းကို စုပ်ယူဖို့လိုအပ်သည်။ သူ့အတွက်လိုအပ်သော စိတ်ဝိညာည်စွမ်းအင်သည်ပင် စုစုပေါင်းစွမ်းအင်၏ တစ်ဝက်ကျော်နေပြီဖြစ်သည်။ ထို့အပြင် တောင်ထိပ်တွင်စိုက်မည့် ယွမ်ကျင်းသစ်ပင်သည် ကောင်းကောင်း ကြီးထွားလာရန် စွမ်းအင် ၂၀ရာခိုင်နှုန်းလိုအပ်သည်။

အဲ့ဒါတွေအားလုံးစဉ်းစားပြီးနောက် ကျန်ရှိသည့် စိတ်ဝိညာဉ်စွမ်းအင်ပမာဏသည် ထိုဧရိယာနယ်မြေများကို အပြည့်အဝထောက်ပံ့ပေးနိုင်မည်မဟုတ်ပေ။

"အဲ့ဒါမှ ပြသနာပဲ"

ကျန်းဟန်သည် စိတ်ပူပန်စွာဖြင့် ခေါင်းကို ပွတ်သပ်လိုက်သည်။ အရာအားလုံးကို တစ်ကြိမ်တည်းနှင့် ရယူရန်စိတ်ကူးကို စွန့်လွှတ်ဖို့ကလွဲပြီး သူတွင် ရွေးချယ်စရာမရှိပေ။

"မေ့ထားလိုက်တော့။ အစားသောက်ကို တစ်ကြိမ်မှာ တစ်လုတ်ပဲစားပြီး လမ်းကိုလည်း တစ်လှမ်းချင်းလျှောက်ရမှာပဲ။ ပြီးတော့ မုန့်မုန့်က ငယ်သေးတယ်။ ကျေးလက်လူနေမှုပုံစံကို လုပ်ဖို့မလိုအပ်သေးဘူး"

ရွေးချယ်စရာမရှိပဲ ကျန်းဟန်သည် လူနေအိမ်၊ အပန်းဖြေဧရိယာနှင့် ရှုခင်းကြည့်ဧရိယာတို့ကို ခေတ္တ ဘေးဖယ်ထားလိုက်သည်။ အိမ်မွေးတိရိစ္ဆာန်နေရာကို လည်း ဆိုင်ငံ့ထားသည်။ အဓိကဦးစားပေးမှာ စိုက်ပျိုးရေးဧရိယာနှင့် မွေးမြူရေးဧရိယာကို အခြေကျသွားရန်ဖြစ်သည်။

အစီအစဉ်ဆွဲပြီးသောအခါ ကျန်းဟန်သည် ဝဘ်ဆိုဒ်စာမျက်နှာပေါ်သို့သွားလိုက်ပြီး အမျိုးမျိုးသော တောင်များ၏ အရွယ်အစားနှင့် အနေအထားကို ကြည့်ရန် ဟောင်ကောင်၏ဂြိုလ်တုမြေပုံကိုဖွင့်လိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now