အပိုင်း(၉)

538 59 0
                                    

အပိုင်း(၉) Disneyland မှာ ကစားမယ်

စင်မြင့်ပေါ်ရှိ ခြင်္သေ့ဘုရင်သည် ၎င်း၏ခနွာကိုယ်ကို အဆက်မပြတ် လှုပ်ခါပြသနေစဉ် ပရိသတ်များထံသို့ ပြေးသွားသည်။ ခြင်္သေ့ဘုရင်သည် မုန့်မုန့်ရှေ့သို့လားလာသောအခါ ခြင်္သေ့ဘုရင်ဝတ်စုံဝတ်ထားသော် သရုပ်ဆောင်သည် အသံနက်ကြီးဖြင့်

"ကလေးတွေ ငါမင်းတို့ကို စားပစ်လိုက်မှာ မကြောက်ဘူးလား"

လူတိုင်း၏အကြည့်များက သူမထံသို့ရောက်ရှိနေသည်ကို မြင်တော့ မုန့်မုန့်သည် ရှက်ရွံ့ကာ ကျန်းဟန်၏အင်္ကျီများဖြင့် သူမမျက်နှာကို ဖုံးကွယ်ပြီး ရှက်ရွံ့စွာပြောလိုက်သည်။

"မကြောက်ပါဘူး ငါ့မှာ ဖေဖေရှိတယ်"

ခြင်္သေ့ဘုရင်သည် သူ၏အသံနက်ကြီးဖြင့် ပြန်ပြောလိုက်သည်။

"ဝေါင်း ဝေါင်း ဝေါင်း ငါမင်းကို စားပြီးရင် မင်းရဲ့ဖေဖေကိုလည်း တစ်ခါတည်းစာပစ်မယ်"

"မရဘူး" မုန့်မုန့်သည် ကျန်းဟန်အားဖက်လိုက်ပြီး သူမ၏ဖေဖေကို ကာကွယ်ပေးသကဲ့သို့ သူ့ရှေ့မှာ ရပ်လိုက်သည်။

၎င်းကိုမြင်တော့ ကျန်းဟန်ပြုံးလိုက်ပြီး ခေါင်းငုံ့ မုန့်မုန့်၏နားရွက်နားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

မုန့်မုန့်သည် ခေါင်းမော့လိုက်ပြီး သူမ၏ကြည်လင်သော မျက်လုံးဝိုင်းကြီးများကို မှိတ်ကာ ခြင်္သေ့ဘုရင်အား ကြည့်၍ ချစ်စရာအသံဖြင့်ပြောလိုက်သည်။

"ဟမ့်...မင်းလိုအင်းစက်လေးက ငါ့ကိုကြောက်လန့်အောင် ကြိုးစားရဲတယ်ပေါ့။ ဖေဖေက မင်းကို ရိုက်နှက်ပြီး အဝေးကို လွှင့်ပစ်လိုက်မယ်ဆိုတာ မင်းသိလား"

ဒါကိုမြင်တော့ ပရိသတ်အာလုံး မရယ်ပဲမနေနိုင်ကြပေ။ မုန့်မုန့်၏ချစ်စရာကောင်းသည့် အသွင်အပြင်ကြောင့် သူတို့အားလုံး အရည်ပျော်သွားကြသည်။

ပရိသတ်များက မုန့်မုန့်ပြောသည်မှာ ဟာသလုပ်နေသည်ဟုထင်ကြသော်လည်း သူတို့မသိသည်က ဒါသည် ကျန်းဟန်၏ ထူးခြားသည့် ကျန်းမိသားစု၏သင်ကြားမှုပုံစံ ဖြစ်သည်ကိုပင်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now