အပိုင်း(၁၀)

547 60 0
                                    

အပိုင်း(၁၀) ကလေးအမေရဲ့တိုက်ခိုက်မှု

သေချာတာကတော့ အဝါရောင်အသားအရေ၊ မျက်လုံးနက်များနှင့် အနက်ရောင်ဆံပင်တို့က ကျန်းဟန်ထံမှာ အမွေဆက်ခံခဲ့ခြင်းရမည်။

အဟမ်း...နောက်တာပါ...

အမှန်တိုင်းပြောရလျှင် ကျန်းဟန်နှင့်မုန့်မုန့် တို့၏ တစ်ခုတည်းသော တူညီသည့်အရာမှာ မျက်ခုံးနှင့်နားရွက်ဖြစ်သည်။ မုန့်မုန့်ကို သေချာကြည့်ရှုပြီးကတည်းက ကျန်းဟန် ဒါကို သဘောပေါက်ခဲ့သည်။

ကျန်းဟန်နှင့်မုန့်မုန့်တို့၏ နားရွက်မှာ ဝိုင်းပြီး ဇီယန်၏နားရွက်မှာ ပိုမိုပါးလွှာသည်။

နူးညံသိမ်မွေ့သည့်မျက်နှာအပြင် ဇီယန်တွင် သူယောင်မယ်လေးတစ်ယောက်ကဲ့သို့ အင်္ဂလိပ်အက္ခရာ S ပုံသဏ္ဍာန် လှပသော ခန္ဓာကိုယ် ကောက်ကြောင်းများရှိသည်။

ဇီယန်သည် အနုပညာအလုပ်များ စတင်လုပ်ဆောင်ချိန်ကထက် ပိုမိုပိန်ပါးကာ အရပ်ရှည်လာသည်။ ယခုအချိန်တွင် ဇီယန်၏ခန္ဓာကိုယ်တွင် ကျန်းဟန်၏အကြည့်များကို ဆွဲငင်နေသည့် မှော်စွမ်းအင်တစ်မျိုးရှိနေသည်။ ကျန်းဟန်သည် သူကလေး၏အမေရှေ့တွင် တံတွေးမမျိုချပဲ မနေနိုင်ဖြစ်နေသည်။

ကျန်းဟန်သည် ဇီယန်ကို အထက်အောက် စုံဆန်ကြည့်ကာ အကဲခတ်နေချိန်တွင် ဇီယန် သည်လည်း ကျန်းဟန်ကို အထက်အောက်စုံဆန်ကြည့်ကာ အကဲခတ်နေသည်။

ကျန်းဟန်၏မျက်နှာတွင် ရမ္မက်အရိပ်အယောင်ကို မြင်လိုက်သောကြည့် ဇီယန်သည် နှလုံးသားထဲမှ မာန်တက်ချင်သလို ခံစားလိုက်ရသည်။

'ခေါင်းမာတဲ့အရူး ရှင်က အမြဲတမ်း ခပ်ခွာခွာနေသလိုဟန်ဆောင်နေပေမဲ့ အခုတော့ ရှင့်ရဲ့စရိုက်မှန်က ပေါ်လာပြီ ဟမ့်'

သို့သော် ကျန်းဟန်၏ပြတ်သားသော အသွင်အပြင်က ဇီယန်ကို အံ့အားသင့်စေသည်။ နောက်ဆုံးအကြိမ် ကျန်းဟန်နှင့် သူ၏တိုက်ခန်းတွင် တွေ့စဉ်က သူ၏မိုက်မဲမှုကြောင့် ဇီယန်သည် စကားပင်မပြောချင်ခဲ့ပေ။ သို့သော် အခုချိန်တွင်တော့ သူ၏ထိုအချိန်က ညစ်နွမ်းမှုများနှင့် လွန်ကဲမှုများက ပျောက်ကွယ်သွားခဲ့သည်မှ လွဲ၍ သူသည် လွန်ခဲ့သည်ငါးနှစ်ကနှင့် တူညီနေသည်။ အခုချိန်မှာ သူက ပိုပြီးတော့ပင် ရင့်ကျက်တည်ငြိမ်ပုံရသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now