အပိုင်း(၁၁)

543 58 0
                                    

အပိုင်း (၁၁) လခြမ်းတောင်

ကျန်းဟန်သည် ဟိုတယ်သို့ပြန်သွားပြီး ဆိုဖာပေါ်တွင် တစ်ယောက်တည်း ထိုင်နေလိုက်သည်။

ကျန်းဟန်၏စရိုက်သည် နူးညံ့သိမ်မွေသည်ဟု မဆိုလိုပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ကျန်းဟန်ကဲ့သို့ ကျင့်ကြံခြင်းကမ္ဘာတွင် နှစ်ပေါင်းငါးရာကြာအောင် ကျင့်ကြံခြင်းဆိုင်ရာအသိပညာများ သင်ယူပြီး တူညီသော အခြေအနေတွင်ရှိပါက သူသည်အလွန်အထီးကျန်နေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ပြန်လည်မွေးဖွားလာပြီးနောက်တွင် ချစ်စရာကောင်းသည့် သူ၏သမီးလေးနှင့် တွေ့ဆုံချိန်၌ ကျန်းဟန်၏နှလုံးသားထဲမှ လစ်ဟာမှုသည် ချက်ချင်းပြည့်သွားခဲ့သည်။ ထိုပြင် သူ၏မိဘများသည် အသက်ရှင်နေသေးသောကြောင့် သူ၏ယခင်ဘဝမှ နောင်တများကို ပြင်ဆင်ရန် အခွင့်အရေးရခဲ့သည်။ ဤအရာများအားလုံးသည် ကျန်းဟန်၏ စိတ်အခြေအနေကို တိုးတက်စေခဲ့သည်။

အမှန်တော့ သူ၏စိတ်အခြေအနေကိုအတွက် အကောင်းဆုံးဆေးမှာ ချစ်စရာမင်းသမီးလေး မုန့်မုန့် ပင်ဖြစ်သည်။

"အဲဒီတောင် ၇ ခုကို သွားကြည့်သင့်တယ်ထင်တယ်"

ကျန်းဟန်ခေါင်းယမ်းလိုက်ပြီး ကွန်ပြူတာဖွင့်ကာ တောင်တွေရဲ့တည်နေရာကို စစ်ဆေးရန် Baidu မြေပုံကို ဝင်လိုက်သည်။

ပထမဆုံးတောင်သည် ဟောင်ကောင် အနောက်ပိုင်းတွင်ရှိသော တောင်ငယ်လေးဖြစ်သည့် မို့ရှဲရိန့် တောင်ဖြစ်သည်။ ကျန်းတောင်တန်းများသည် အရှေ့တောင်ပိုင်းတွင်တည်ရှိသည်။ ဒုတိယတောင်သည် ဟောင်ကောင်၏အရှေ့ပိုင်းရှိ ရှုံကျား တောင်ဖြစ်ပြီး ကျန်းတောင်များမှာ ရှုံကျားတောင်နှင့် လခြမ်းတောင် တို့ ကြားထဲတွင်တည်ရှိသည်။

ပင်လယ်ကိုမျက်နှာမူပြီး ကျန်းဟန်လိုအပ်သည့် မျက်နှာပြင်ဧရိယာရှိသော တောင်မှာ ၇ လုံးသာရှိသည်။ ကျန်းဟန်သည် လက်ရှိရောက်နေသော ပင်လယ်ကွေ့လမ်းမသည် ဟောင်ကောင်မြောက်ပိုင်း တွင်ရှိသည်။ ထို့ကြောင့်သူသည် အနောက်ပိုင်းရှိ မို့ရှဲရိန့် တောင်သို့အရင်သွားရန် ရည်ရွယ်ထားသည်။ ထို့နောက် ရှေ့ဘက် ရှုံကျားတောင် သို့သွားကာ ရှုံကျားတောင်မှတစ်ဆင့် တောင်ဘက်သို့ဦးတည်သွားမည်ဖြစ်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now