အပိုင်း(၁၄)

470 54 0
                                    

အပိုင်း(၁၄) - အိမ်ရောင်းရတဲ့ ခံစားချက်

အချိန်သည် လျင်မြန်စွာရွေ့လျားနေပြီး မကြာမီပင် ညနေခင်းသို့ရောက်ရှိလာသည်။

ညနေ ၅ နာရီတွင် ကျန်းဟန်ဆီသို့ လျူမုံ့ ထံမှ ဖုန်းဝင်လာသည်။

"မစ္စတာကျန်း ကျွန်တော် ဒီကိစ္စလုပ်ဆောင်နေပါတယ်"

"ဘယ်လိုလဲရှိလဲ" ကျန်းဟန် သူ၏မျက်ခုံးများပင့်လိုက်သည်။ လုပ်ဆောင်နေသည် ဆိုသဖြင့် သူအံ့ဩသွားသည်။ ဒီလျူမုံ့က မြေယာဌာနမှာ အဆက်အသွယ်တချို့ရှိသည့်ပုံပင်။

"အခြေအနေကိုအရင်ဆုံးပြောခွင့်ပြုပါ လက်ခံနိုင်လား လက်မခံနိုင်ဘူးလားဆိုတာ သိရတာပေါ့၊ လက်ခံနိုင်တယ်ဆိုရင် ဒီကိစ္စကို အသေးစိတ်ပြောပြပါ့မယ်"

"ကောင်းပါပြီ"

လျူမုံ့သည် လိုရင်းကို တန်းပြောလိုက်သည်။

"ပထမ ခင်းဗျားတောင်ကို တစ်နှစ်ကနေ သုံးနှစ်လောက်ပဲ ငှားနိုင်မယ် သုံးနှစ်မြောက်ကျရင် တောင်ကိုပြန်သိမ်းယူဖို့များတယ်။ အဲ့အချိန်ကျရင် လခြမ်းတောင်နဲ့ ပက်သက်တာတွေအားလုံး ချွင်းချက်မရှိလိုက်နာရမယ်။ ဒါ့အပြင် လခြမ်းတောင်ကို ခင်ဗျား ငှားထားသည့်တိုင် လခြမ်းတောင်မှာ ခင်ဗျား လုပ်နိုင်တာတွေ မလုပ်နိုင်တာတွေက ကန့်သတ်ချက်များလိမ့်မယ်။ ဒီကန့်သတ်ချက်တွေနဲ့ပတ်သက်ပြီး အခုလောလောဆယ်မပြောသေးဘူး။ တောင်ကို ငှားရမ်းခအတွက်တော့ ပုံမှန်အားဖြင့် တစ်နှစ်ကို ယွမ်သန်း ၂၀ ကျလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားက အန်နာရဲ့ မိတ်ဆွေဖြစ်တာမို့ ဈေးလျှော့ပေးပါမယ်။ ခင်ဗျား ကျွန်‌တော့်ကို မြေယာဌာနမှာ လာဘ်ထိုးဖို့ ယွမ် ၂ သန်းပေးပြီးရင် တောင်ရဲ့ငှားရမ်းခက တစ်နှစ်ကို ယွမ် ၁၀ သန်းအထိလျှော့ချနိုင်မှာပါ"

"ကောင်းပါပြီ မျှတပါတယ်"

"ကောင်းပြီလေ...ဒါဆို လခြမ်းတောင်ကို ငှားပြီးရင် လိုက်နာရမယ့် ကန့်သတ်ချက်တွေကို ပြောပါရစေ..." လျူမုံ့သည် ရှည်လျားသောစကား ကိုစတင်ခဲ့သည်။

ကျန်းဟန်သည် လျူမုံ့ပြောသည်များကို တိတ်တဆိတ်နားထောင်နေသည်။ ကျန်းဟန်သည် ကန့်သတ်ချက်များအကြောင်း လျူမုံ့ပြောပြချက်ကို ငါးမိနစ်လုံးလုံးနားထောင်ခဲ့ရသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now