137

8.1K 1.5K 128
                                    

{Unicode}

"ရန်ရန်သူငယ်ချင်းလေး"

ရန်ကျားလိသည် ဝမ်ယန်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

ဝမ်ယန်သည် အမိန့်ကို လက်ခံရရှိလိုက်သည့် စက်ရုပ်လူသားအလား အနောက်တွင် ထိုင်နေသည့် သက်တော်စောင့် တစ်ယောက်ကို တစ်ဟုန်ထိုး ဝင်တိုက်လိုက်သည်။

ထိုသက်တော်စောင့်သည် ရန်ကျားလိက မေ့ဆေးကြောင့် အစကတည်းက အသိ မကပ်တော့ဘူးဟု ထင်မှတ်နေပြီး နံဘေးမှ လူများသည်လည်း ဘက်တော်သားများသာ ဖြစ်သောအခါ သတိဝီရိယ ရှိမနေပေ။ သူသည် လက်ကိုင်ဖုန်းကို ကိုင်ရင်း တဟီးဟီးနှင့် Douyin ပွတ်နေချိန်တွင် မထင်မှတ်ဘဲ ဝမ်ယန်က ထိုကဲ့သို့ တိုးဝင်လာကာ သူ့ကို တိုက်ရိုက် ပက်လက်လန်စေခဲ့ပြီး ဓားမြှောင်ထုတ်လာလျက် ခြေထောက်ပေါ် ထိုးစိုက်ခဲ့သည်။

ဝမ်ယန် စတင် လှုပ်ရှားသည်နှင့် ရန်ကျားလိလည်း အလျင်အမြန် ထကြွလာတော့သည်။

သူသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဘဝတစ်သက်တာတွင် အလျင်မြန်ဆုံး အရှိန်နှင့် အခြားသက်တော်စောင့်ကို ဖိလိုက်ကာ ရင်ဘတ်ထဲမှ ဓားမြှောင်ကို ထုတ်လာပြီး အံကြိတ်လျက် ထိုသက်တော်စောင့်၏ ပေါင်ကို ကြမ်းကြမ်းတမ်းတမ်း ထိုးချလိုက်သည်။ တဆတ်တည်း ယောက်ျားတစ်ယောက်၏ အားအနည်းဆုံး နေရာကို ပြင်းပြင်းထန်ထန် ကန်ထည့်လိုက်သည်။

သက်တော်စောင့်သည့် စက္ကန့်ပိုင်းအတွင်း ပေါင်နှင့် ညီငယ်လေးကို ကာလိုက်ပြီး နာကျင်လွန်း၍ တောင်ဝက်များကဲ့သို့ အော်ဟစ်တော့သည်။

အနောက်ပိုင်းမှ လှုပ်ရှားမှုများသည် အရှေ့ဘက်မှ လူ၏ အာရုံစိုက်မှုကို လျင်လျင်မြန်မြန် ဖမ်းစားသွားသည်။

အရှေ့ ခရီးသည်ခုံတွင် ထိုင်နေသည့် သက်တော်စောင့် ခေါင်းဆောင်သည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးပြူးကျယ်သွားပြီး လီးဟုတစ်ချက် ဆဲလိုက်ကာ ချက်ချင်းဆိုသလို ကိုယ်နှင့်တစ်ပါတည်း ယူဆောင်လာသည့် ပစ္စည်းကိရိယာနှင့် ရန်ကျားလိ၊ ဝမ်ယန်တို့၏ ခန္ဓာကိုယ်ပေါ် တိုက်ခိုက်ချေတော့မည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now