Chapter - 32

2.9K 153 26
                                    

Unicode >>>

ရှန်ဝိုင်း ကုတင်ဆီ ပြန်လျှောက်သွားပြီး မလှုပ်မယှက် လဲလျောင်းနေသည့် သြမံရဲ့နဖူးပြင်ကို အနမ်းခြွေချလိုက်သည်။ ပြီးနောက် မျက်နှာအနှံ့ဝဲကျနေသော သြမံ၏ ဆံနွယ်တို့ကို လက်ဖြင့် အသာအယာသပ်တင်ပေးလိုက်ကာ နူးညံ့စွာဖြင့်

" ကိုကို ဘာလုပ်ချင်လဲဟင် "

သြမံ ရှန်ဝိုင်းကို မကြည့်ချေ။ မျက်နှာကြက်ကိုသာ စိုက်ကြည့်နေမြဲဖြစ်ပြီး အက်ကြောင်းထပ်နေပြီဖြစ်သည့် စကားကို မေးလာပြန်သည်။

" မင်း.. ငါ့ကို မုန်းလား "

ရှန်ဝိုင်း ပြန်ဖြေမည်အပြု

" နေဦး။ မသိဘူးလို့တော့ မပြောနဲ့၊ ငါလိုချင်တာ တိကျတဲ့အဖြေ "

ရှန်ဝိုင်း သက်ပြင်းချလိုက်သည်။

" ကိုကို ဘယ်လိုထင်လဲ "

" မုန်းနေလောက်မယ် ထင်တယ် "

" မဟုတ်ဘူး "

" ဒါဆို.... "

စကားမဆုံးသေးခင်မှာပဲ ရှန်ဝိုင်းက ကြားဖြတ်၍

" ကိုကို့ကို ကြိုက်တယ် "

သြမံ သူ့နားသူပင်မယုံနိုင်။ ရှန်ဝိုင်းကို တအံ့တသြ လှည့်ကြည့်ကာ

" မင်း.. ဘာပြောလိုက်တာလဲ? "

ရှန်ဝိုင်း သြမံရဲ့ မျက်ဝန်းများကို ငေးမောကြည့်လိုက်သည်။ ထိုအကြည့်စူးစူးက ခန္ဓာကိုယ်ကိုပင် ထွင်းဖောက်မတတ် စူးရှလှသည်ကြောင့် သြမံ နေရခက်လာသည်။

" ကိုကို့ကို ကြိုက်တယ်။ တကယ် ကြိုက်တာပါ "

သြမံ ထိုစကားကို ပေါ့ပေါ့တန်တန်ပင် သဘောထားလိုက်ပြီး

" ကြိုက်လေ၊ ငါက လူကြိုက်များပြီးသားပဲ "

ရှန်ဝိုင်း မျက်နှာက ရုတ်တရက် တည်သွားကာ သြမံကို အမူအယာမဲ့စွာ ကြည့်လိုက်ပြီးနောက်

" ကျွန်တော် ကိုကို့ကို ကြိုက်တယ်။ အများကြီးလည်း သဘောကျတယ်။ ကျွန်တော်က ကိုကို့စိတ်ကူးထဲက လူနဲ့တော့ ကွာကောင်းကွာနိုင်လိမ့်မယ်။ ဒါပေမယ့် သူ့ထက်တော့ ကိုကို့အပေါ် ကောင်းပေးနိုင်တယ်ဆိုတာ ယုံ "

HELOT (ကျေးကျွန်)Where stories live. Discover now