Chapter - 37

2.4K 139 28
                                    

Unicode >>>

အစကတော့ သြမံ စိတ်ထွက်ပေါက် ရလိုရငြား နေရာဒေသ အသစ်တစ်ရပ်ဆီသို့ သွားလိုခြင်းပင်။ သော်ငြားလည်း ရုတ်တရက်ဆိုသလို ရှန်ဝိုင်း ၏ မျက်နှာက သူ့ခေါင်းထဲပေါ်လာသည်။ သူထွက်သွားပြီး ပြန်လာလို့ ထိုကောင်လေး မရှိတော့လျှင် သူဘာလုပ်ရမည်နည်း။ ရှန်ဝိုင်းနေလသည် သူပိုင်ဆိုင်သည့်လူဖြစ်သည်။ သူ့ဆီကနေ တခြားလူတွေ ဆွဲခေါ်သွားမည်ကို သူမလိုလားချေ။

" ၂စောင်? ဘာလို့ ၂စောင်လဲ? "

" ပြန်မမေးနဲ့ "

နှစ်သစ် ကြောင်သွားသည်။ ထို့နောက် အလန့်တကြားဖြင့်

" မဟုတ်မှ ! မင်းညီအတွက်လား?! Wtf ! မင်းတို့ ဆက်ဆံရေးက ဘယ်တုန်းက ဒီလောက်ထိကောင်းသွားရတာလဲ?? "

သြမံ စုတ်သပ်လိုက်ကာ

" တော်တော်လျှာရှည်တဲ့ကောင်ပဲ။ မဖြတ်ပေးလဲနေ "

" နေပါဦး နေပါဦး။ ငါ့ဘော်ဒါကြီးကို မလုပ်ပေးစရာလား၊ ၂စောင်နော်.. အိုခေ၊ Mandalay ရောက်ရင် အကြောင်းကြားလိုက်။ ငါလာကြိုမယ် "

သြမံ ပြန်ဖြေရမှာတောင် ပျင်းလွန်းနေပြီဖြစ်သည်။ သူ သဘောတူသံ တချက်ပြုလိုက်ပြီး ဖုန်းချလိုက်ကာ ကားစက်နှိုးလိုက်ပြီးနောက် ဆေးရုံသို့ ဦးတည်လိုက်သည်။

ဆေးရုံရောက်သည်နှင့် ရှန်ဝိုင်း အခန်းရှိရာဆီ အလျင်အမြန်သွားပြီး တံခါးပင်ခေါက်မနေတော့ဘဲ ဝင်ချသွားလိုက်၏။ ရှန်ဝိုင်းနေလ သည် ကုတင်ကို ကျောမှီလျက် သက်တောင့်သက်သာအနေအထားဖြင့် ထိုင်နေကာ လက်ထဲတွင်စာအုပ်တစ်အုပ်ကိုင်ထားပြီး စာဖတ်နေပုံရသည်။ သြမံကိုတွေ့တော့ အံ့သြသွားဟန်ဖြင့်

" ကိုကို ဘာလာလုပ်တာလဲ "

" ငါနဲ့လိုက်ခဲ့ "

ပြောပြီး ရှန်ဝိုင်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ ကားဆီဆွဲခေါ်သွားတော့သည်။

ရှန်ဝိုင်းသည် လမ်းတလျှောက်လုံး မည်သည့်အမေးစကားမှမဆိုချေ။ သြမံ ဆွဲခေါ်ရာနောက်ကိုသာ ငြိမ်ငြိမ်လေး လိုက်ပါလာသည်။

ရှန်ဝိုင်းကို ကားထဲသွင်းလိုက်ပြီး သူသည်လည်း ကားပေါ်တက်မည်အပြု ဘောင်းဘီအိတ်ကပ်ထဲရှိ Ph က ရုတ်တရက်မြည်လာလေသည်။ ထုတ်ကြည့်လိုက်တော့ သက်နေပိုင်ပင်။

HELOT (ကျေးကျွန်)Where stories live. Discover now