Chapter 1

3.2K 112 5
                                    

Zawgyi

'သခင်ကြီး....သခင်လေးက တဖြည်းဖြည်း နဲ့အခြေအနေပိုဆိုးလာသလိုပဲ အခုပုံစံက လုံးဝကိုအစွန်းရောက်နေသလိုပဲဗျ ဒီပုံစံနဲ့ဆို သခင်ကြီးရဲ့ လုပ်ငန်း.....'

ဆက်ပြောမဲ့စကားကို သခင်ကြီး ဝမ်လျိုရှန်းကသိနေတဲ့အလား
ဖြတ်ပြောလိုက်သည်

'ငါသိတယ် ဒါမဲ့ဘယ်သူမှသူ့ရဲ့ အေးစက်စက်ဒဏ်ကိုမခံနိုင်ကြဘူး
သူ့ကိုထိန်းသိမ်းပြုပြင်ပေးဖို့ လူ 25 ယောက်တောင် အချိန်ပေးခဲ့ပြီးပြီ အားလုံးက မခံနိုင်ကြဘူး ဟူး.......ဝမ်လေး ကသူ့မားဆုံးပြီးနောက်ပိုင်းအတော့်ကို ပြောင်းလဲသွားတယ် '

ဒါပေါ့ သခင်လေးအချစ်ဆုံးအမျိုးသမီးက ကမ္ဘာမှာတယောက်ပဲရှိခဲ့တာ အ့တာက သခင်မ လင်းယီရန်း ပဲလေ သခင်မဆုံးသွားတော့
သခင်လေးက အရမ်းအေးစက်ပြီး ပုံစံတွေကပြောင်းလဲလာတယ်
မျက်နှာထက်မှာ အနက်ရောက်မျက်နှာဖုံးက နေရာယူထားတော့တရ်
အခန်းထဲသာအောင်းနေပြီး တရက်ကို ထမင်းတစ်နပ်သာစားတော့တရ် အနည်းငယ်ပိန်လာတဲ့သခင်လေးကြောင့် အိမ်တော်ထိန်းပင်စိတ်မကောင်းဖြစ်လာရတယ် သခင်လေးကိုပြုစုစောင့်ရှောက်ပေးဖို့ လူဘယ်လိုခေါ်ခေါ် သခင်လေးရဲ့ ဒဏ်ကိုမခံနိုင်၍ တရက်တောင်မနေဘဲ ထွက်ကုန်တာချည်းပေ......

'သခင်ကြီး...ဒီလိုလုပ်ပါလား သခင်လေး ကိုစောင့်ရှောက်ဖို့အတွက်ကျနော်တို့ ကြော်ညာထည့်ရအောင် ငွေကြေးများများနဲ့
ပြီးတော့ အလုပ်လက်ခံပြီး တစ်လပြည့်မှထွက်ခွင့်ရှိမယ် ဆိုပြီး​လေဗျ '

'အင်း မင်းပေးတဲ့အကြံမဆိုးဘူးပဲ အဲ့အတိုင်းလုပ်လိုက် ငါဝမ်လေးကိုသွားကြည့်လိုက်ဦးမယ် '

'ဟုတ်ကဲ့ပါ သခင်ကြီး '

ဝမ်သခင်ကြီးလည်း သားဖြစ်သူအခန်းဆီသို့ လျောက်လာခဲ့တယ်
ဖြေးညင်းစွာ ဖွင့်လာတဲ့တံခါးနောက်ကွယ် တနေရာကိုမမှိတ်မသုန်စိုက်ကြည့်နေတဲ့ သားလေးကိုကြည့်ရင်း သက်ပြင်းယဲ့ယဲ့ချမိသည်
သူ့မိန်းမဆုံးပြီးနောက် သားဝမ်ရဲ့မျက်နှာလေးကိုပင်မြင်ခွင့်မရတော့ချေ အဲ့အစား မျက်နှာထက်က အကာမျက်နှာဖုံးလေးကိုသာ ငေးမောနေခဲ့ရသည် သူမသေခင်တခေါက်လောက်တော့သားလေးရဲ့ မျက်နှာလေးကိုမြင်ဖူးခဲ့ချင်ပါရဲ့....

သခင်လေး (Master) YizhanWhere stories live. Discover now