Chapter 7

1K 63 2
                                    

Zawgyi

'မင်းတို့ သခင်လေး ဘယ်လိုလဲ '

'အဆင်ပြေပါတယ် သခင်ကြီး အတော်ကိုကောင်းလာပါတယ် အခုဆိုအစားပုံမှန်စားတဲ့အပြင် ခြံထဲတောင်ဆင်းလိုက်ပါသေးတယ် '

'ဟား အဲ့ကလေးက မဆိုးဘူးပဲ သူ့မှာကမိဘတွေမရှိတော့ဘူးဆိုတော့ ငါသူ့ကိုမွေးစားလိုက်ရင်ကောင်းမလား '

ဝမ်သခင်ကြီးရဲ့ပြောစကားကြောင့် အိမ်တော်ထိန်း လန့်သွားသည် မဖြစ်ဘူး အဲ့လိုဖြစ်လို့မရဘူး...

'မဖြစ်ပါဘူး သခင်ကြီး '

'ဟေ ဘာလို့လဲ အိမ်တော်ထိန်း '

'ဟို သခသ်ကြီးမကြာခင်သိလာပါလိမ့်မယ် ကျေးဇူးပြုပြီးတော့သူ့ကိုသားအဖြစ်မမွေးစားလိုက်ပါနဲ့ မဖြစ်လို့ပါ '

ဘာလို့ဆို သခင်ကြီးရဲ့သမက်ဖြစ်လာမှာမို့ပါ ဆိုတဲ့စကားကိုတော့ အိမ်တော်ထိန်း စိတ်ထဲကနေပဲရေရွတ်လိုက်သည်....

သခင်ကြီးကလည်း ဘာမှဆက်မပြောဘဲ တိတ်ဆိတ်နေလိုက်သည်....

သူ ရှောင်ကျန့်ဆိုတဲ့ တယောက်ကိုသဘောကျသည် ရိုးသားတယ် ကြိုးစားတယ် အိမ်မူကိစ္စလဲနိုင်တယ် ရုပ်ရည်ကလည်းအပြစ်ပြောစရာမရှိဘူး ပြီးတော့ သန့်စင်တယ် သခင်လေးအတွက် မျိုးဆက်ပါမွေးပေးလို့ရသေးတယ် ဒီလောက်ပြီးပြည့်စုံတာကို သမက်ပဲတော်မှပိုအဆင်ပြေမှာပေါ့.....

'ဟ...ငါခုမှမင်းငြင်းရတဲ့အကြောင်းသိရတော့တယ် ရှောင်ကျန့်က ငါ့သားနဲ့အသင့်တော်ဆုံးကလေးပဲ သူ့မှာကလေးမွေးလို့ရတဲ့သားအိမ်ပါတယ်ဆိုတာငါမေ့နေခဲ့တာ မင်းရော သူ့ကို ငါ့သားနဲ့သဘောတူလား '

ဘယ်လိုတောင်မေးလိုက်တာလဲ သခင်ကြီးရယ် တူတာမှတစ်ဖက်ကမ်းလွန်နေပြီဗျ....

'ဟာ တူတာပေါ့ 100% ကိုတူတာ '

'ဟား ဟား..........'

'ဒါနဲ့သခင်ကြီး ရှင်းရိရင်း ပြန်ရောက်လာပါတယ် သူသခင်လေးဆီပြန်လာတာလို့တော့ပြောပါတယ် '

'ရှင်းရိရင်း အဟင်း..သူ့အဖေကိုယ်တိုင်ကငါ့သားနဲ့အဆက်ဖြတ်ဖိုပြောခဲ့တာမဟုတ်လား ဘာအတွက်ကြောင့်ပြန်လာရတာလဲ အရင်တုန်းကပေးခဲ့တဲ့ကတိတွေကိုသူတို့ကိုယ်တိုင်ဖြတ်လိုက်တာပဲ '

သခင်လေး (Master) YizhanWhere stories live. Discover now