Chapter 2

1.3K 74 3
                                    

Zawgyi

'ဝေ့ ရှောင်ကျန့် ရှောင်ကျန့်ရေ ဟ ဒီမေနိုးသားကနေဖင်ထဲဝင်တော့မယ် ခုထိမထသေးဘူးလား ဒါကိုများအလုပ်ရှာချင်တယ်တဲ့လေး ရပါဦးမယ် အားကြီးကြီး '

ရှောင်ကျန့်ရဲ့ ငယ်သူငယ်ချင်း လီယွန်းကတော့ မနက်စောစောသြဝါဒလာပေးနေချေပြီ.....

ချောက်

' ငိုးမ လီယွန်း မင်းလင်မို့ ဖင်ပြဲအောင်သူများအိမ်ရှေ့လာအော်နေရလား လူအိပ်ချိန်လေး ဘေးပတ်ဝန်းကျင်ကိုအားနားဦး ငလူးသားရဲ့ '

တံခါးဖွင့်သံနဲ့အတူ ကတ်ကတ်လန်အောင် ထွက်လာတဲ့ဆဲသံတွေကြောင့် လီယွန်းနားတွေပါပွင့်ထွက်သွားတော့မလိုပင်.......

ရှောင်ကျန့်ပြောတဲ့ လူအိပ်ချိန် ဘေးပတ်ဝန်းကျင်ဆိုတဲ့စကားကြောင့် အပြင်မှာခေါင်းထိပ်လောက်ရောက်နေတဲ့နေရယ် အလုပ်သွားလို့ပြန်တောင်လာကြတော့မယ့် လူတွေရယ်ကြောင့် ရှောင်ကျန့် နေ့နဲ့ညများ မှားနေလားလို့ လီယွန်းထင်မိသွားတယ်

'မင်းမေ လူအိပ်ချိန် ဘောပဲ သားရေ မင်းအချိန်လဲကြည့်ဦး ၁၁ ထိုးတော့မယ်ကွ ဟူး...မင်းသာအလုပ်ရရင်တော့ တစ်ရက်နဲ့တင် ဖင်ကန်ခံရပြီး အလုပ်ထွက်နိုင်ရကိန်းရှိတယ် '

'မေနိုး...မင်းအ့လောက်ကြီး ဖဲ့စရာမလိုဘူး ငါကအနားယူထားတာကွ နောက်ဆိုအများကြီးပင်ပန်းရတော့မာလေ ခွေးသားရဲ့ '

'အော် အေးအေး ကဲ အခုအလုပ်ရှာဖို့ပြင်တော့ ငါကတော့ ငါ့ boss နဲ့ ကိုးရီးယား ကိုခရီးတစ်လထွက်ရမယ် အဲ့အချိန်အတွင်းမင်းအဆင်ပြေအောင်နေ တခုခုဆိုငါ့ကိုအကြောင်းကြား ကြားလား....'

'ဗြဲ.....ငလူးကောင်နောက်ဆုံးတော့မင်းငါ့ကိုထားသွားတော့မယ်ပေါ့
သူ့လင်ခေါ်တော့ ကိုးရီးယား အထိလိုက်တယ် ငါ့ကျပစ်ထားတယ်တဲ့ အမလေးကြားလို့မှကောင်းကြသေးရဲ့လား '

မရှိတဲ့ အရည်ကိုညစ်ထုတ်ပြီး အသံကဆယ်အိမ်ကြား ဟော်ဟစ်နေတဲ့ရှောင်ကျန့်ကြောင့် လီယွန်း အသက်ပင်ထွက်ချင်လာသည်....

'မေနိုးရေ အသံပြဲနဲ့အော်မနေနဲ့ ငါသွားမှာအလုပ်ကိစ္စ ကွ ငါ့ Boss ကလည်းမင်းသိတဲ့အတိုင်းပဲ သူ့အလုပ်မှန်သမျှဆိုငါ့ချည်းခိုင်းနေတာကွ '

သခင်လေး (Master) YizhanWhere stories live. Discover now