Chapter 3

1.2K 70 1
                                    

Zawgyi

'မိုးတောင် အုံလာပြီ ငါကအလုပ်တခုတောင်ရှာမတွေ့ဘူး အချိန်တွေက လူကိုမစောင့်ဘူး တဲ့ တကယ်ပဲကိုး ငါအလုပ်ရှာနေတာတစ်ပတ်တိတိရှိနေပြီလေ ဟူး....'

ရှောင်ကျန့် ပျင်းရိစွာအုပ်ခုံပေါ်တွင်ထိုင်နေတုန်း ဘေးနားဖြတ်လာတဲ့ အရူးမတယောက်က သူ့ဆီလာပြီးလက်ထဲ သတင်းစာတစ်စောင်ရယ် ပန်းတစ်ပွင့်ရယ် ထည့်သွားသည်

'ဘာလဲဟ ငါ့ကိုသူ့လင်ထင်နေတာနဲ့တူတယ် ရုပ်ကချစ်စရာလေးပဲကို သနားစရာလေး '

ရှောင်ကျန့် သတင်းစာ လွင့်မလို့လုပ်တုန်း သတင်းစာမျက်နှာဖုံး၌တွေ့ရတဲ့ ခေါင်းစည်းပိုင်းကသတင်းကိုစိတ်ဝင်စားသွားသည်

*Wang group ရဲ့ ဒုဥက္ကဌဝမ်ရိပေါ် ၏ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးရန် လူခေါ်ခြင်း လစာတစ်လလျှင် ***** ရရှိမည်ဖြစ်ပြီး အလုပ်လက်ခံလျှင်တစ်လပြည့်ပြီးမှ ထွက်ချင် ထွက်ခွင့်ရှိမည်...
နေစရာ စားစရာအကုန်တာဝန်ယူပေးမည်...ဆက်သွယ်ရန် ဖုန်းနံပါတ် *******

ရှေင်ကျန့် ဖတ်ပြီးချက်ချင်း ပျော်ရွင်လာသည် ရရှိမည့်ငွေကြေးပမာဏ က သူတစ်သက်တစ်ခါမှမကြားဖူးသည့်ပမာဏပင်...သူလုပ်ချင်သည် ဘာပဲဖြစ်ဖြစ် လုပ်ကြည့်ရမည်......

'ဟဲ့ ဝမ်သခင်လေး ကစိတ်မနံ့ဘူးတဲ့ သူ့ဆီငါ့သူငယ်ချင်းအလုပ်သွားလုပ်ဖူးတယ် သူကရုပ်လည်းဆိုးတာတဲ့ အကြောင့်အကာအကွယ်လုပ်ထားတာတဲ့လေး မထင်ရင်မထင်သလို ပစ္စည်းတွေနဲ့လည်းကောက်ပေါက်တတ်တယ်ဆိုပဲ '

'ဟယ် ဟုတ်လား သနားစရာပါလား လူချမ်းသာပါရက်နဲ့ ချို့ယွင်းမူတွေနဲ့ ကြီးပျင်းလာတာကိုး.....'

ရှောင်ကျန့်တယောက် သူ့ဘေးကသူတွေရဲ့စကားတွေကိုနားစွင့်ရင်း အနည်းငယ်တော့ လန့်သွားသည် ဘာပဲဖြစ်ဖြစ် သူကယောက်ျားလေးပဲကို...သခင်လေးကိုသူစောင့်ရှောက်နိုင်မှာပါ.....

'ဟူး..fighting Xiaozhan '

ထို့နောက် ရှောင်ကျန့် သတင်းစာထဲက ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည် ခေါ်လိုက်သည်နှင့် ချက်ချင်းဖုန်းဖြေကြားလာသည်

သခင်လေး (Master) YizhanOnde histórias criam vida. Descubra agora