139

9.9K 1.4K 74
                                    

{Unicode}

"အကျဉ်းမကျခင်"

ရန်ကျားလိ ဆေးရုံမှ ဆင်းသည့်နေ့တွင် ရာသီဥတုမှာ ကြည်လင် သာယာနေသည်။

ယဲ့ထင်သည် သူ ဆေးရုံဆင်းရန်အတွက် လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ပေးလိုက်ပြီး သူ့ကိုတွဲကာ ဆေးရုံထဲမှ ထွက်လာသည်။

ဆေးရုံတံခါးမကြီးဆီမှ ခြေချရုံရှိသေး လီတာ့နှင့် လီအော့တို့သည် အရူးနှစ်ကောင်အတိုင်း ယဲ့ထင်၏ အနက်ရောင် Bentley ရှေ့ရပ်ကာ ညီအစ်ကို နှစ်ဦးသည် တစ်ယောက် လက်မောင်းတစ်ဖက်စီနှင့် ခဲရာခဲဆစ် အသည်းပုံစံ ဖော်ထားကာ ဟီးဟီးနှင့် ရယ်နေပြီး

"ရန်ကော၊ ဆေးရုံက ဆင်းရတာ ပျော်ရွှင်ပါစေ"

ရန်ကျားလိသည် ရယ်မောရင်း ဆဲဆိုလိုက်သည်။

"အရူးနှစ်ကောင်၊ ကြောင်တောင်တောင်နဲ့"

လီအော့က နှာခေါင်းပွတ်လိုက်ပြီး ပြုံးလျက်ပြောသည်။

"ဒါက ကောအစား ဝမ်းသာပေးနေတာကို"

လီတာ့သည်လည်း ခေါင်းညိတ်လိုက်ပြီး မျက်လုံးထဲတွင်ကား စိုးရိမ်ပူပန်မှုတို့ ပြည့်နေကာ

"အရင်က ကော လဝက်ကျော်လောက် ပျောက်သွားတော့၊ ကျွန်တော်တို့တွေ လန်သေတော့မလို့"

ရန်ကျားလိသည် ရင်ဘတ်ပုတ်လိုက်ပြီး အစဥ်အတိုင်း ငယ်ရွယ်ပျိုမျစ်သည့် အငွေ့အသက်တိုနှင့်

"အခုဘာမှ မဖြစ်တော့ဘူးကို၊ စိတ်မပူပါနဲ့။ ဖေဖေက မင်းတို့အရူးနှစ်ကောင်နဲ့ နောက်ဆယ်နှစ်လောက် သီချင်းတွေ ဆိုလို့ရသေးတယ်"

လီအော့သည် ချီးဟု အသံတစ်ချက် ထွက်လာသည်။

(TN/ ဒါကလေ ဆဲတာကို မဟုတ်ဘဲ ရယ်သံလိုမျိုးကို ပြောတာနော်)

တစ်လျှောက်လုံး နံဘေးတွင် ရပ်နေပြီး အသံမထွက်သည့် ယဲ့ထင်၏ မျက်လုံးထဲတွင် ရန်ကျားလိ၏ ရောင်ခြည်ဖြာထွက်နေသော အားမာန်တက်ကြွနေသည့် ပုံစံနှင့်သာ ပြည့်နေသည်။

သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်နေပြီး ကားအနား လျှောက်သွားကာ ကားတံခါးကို ဖွင့်လိုက်ပြီး

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now