Ep_5

19.4K 697 29
                                    

Uni

အခုတလော  ဘုန်းမြတ်  ဆေးခန်းခွဲ(၂) ဘက်
မထိုင်ဖြစ်တာကြာပြီမို့   ဒီညနေတော့   အဲ့ဘက်မှာ  ထိုင်ရန်  ရဲသွေးနောင်နဲ့  ဂျူတီ ချိန်းလိုက်သည်။

ညနေစောင်းဘက်ဖြစ်ပြီး   မိုးကလဲ  ဖွဲဖွဲလေး  ရွာနေသည်မို့  လူနာကလဲ  ရှင်းနေလေသည်။ဒါကြောင့်  မိုးအေးအေးနဲ့  ကော်ဖီခွက်တစ်ခွက်ကိုလက်ကကိုင် သောက်နေရင်း  လမ်းမထက်ကို  ငေးကြည့်နေမိသည်။

မကြာခင်မှာ  ကားမှတ်တိုင်သို့  YBS တစ်စီး  ဆိုက်ရောက်လာပြီး  ခရီးသည်များလဲ  အလျိုလျို  ဆင်းလာကြသည်။ထို ကားပေါ်မှဆင်းလာသော   ခရီးသည်များထဲမှ  အ၀ါရောင်  ၀မ်းဆက်  နဲ့  ထီးအကြည်လေးဆောင်းထားသော  ကောင်မလေး တစ်ယောက်သည်  သူ့ဆေးခန်းကို  သေချာကြည့်နေလေသည်။

ဒါပေမဲ့  ဘုန်းမြတ်က  ဆေးခန်း၏ အတွင်းပိိုင်းကျသောနေရာတွင်ထိုင်နေသည်မို့    သူ့ကိုမြင်ပုံမရ။

"ဘာတွေ အဲ့လောက်စူးစိုက်ကြည့်နေတာလဲ  မသိဘူး"

တစ်ယောက်ယောက်ကို   ရှာနေသည့်  ပုံစံနဲ့ကြည့်နေသောကြောင့်  ဘုန်းမြတ်  ထိုမိန်းကလေးကို  သေချာ  ကြည့်ရန်  တံခါး၀ကို  အထွက်  အနောက်ကနေ  အရှိန်ပြင်းပြင်းနဲ့  ဖြတ်သွားသော
ဆိုင်ကယ်ကြောင့်  သူမ  လဲကျသွားလေသည်။

ထီးတစ်ခြား  လူတစ်ခြား  လဲကျသွားသည်မို့   မိုးရေတွေကလဲ  ခေါင်းပေါ်ကိုတဖွဲဖွဲကျ နေလေရဲ့။ဘုန်းမြတ်လဲ   ဘာများဖြစ်သွားသလဲ ဆိုပြီး  စိတ်ပူကာ  ဆေးခန်းအ၀င်အ၀ရှိ   ပုံးထဲတွင်  ထည့်ထားသော  ထီးတစ်ချောင်းကို  ဆွဲယူကာ  ထိုမိန်းကလေး  ရှိရာကို  မပြေးရုံတစ်မယ်သွားလိုက်သည်။

အနားရောက်တော့  မိုးစက်တွေ  တဖွဲဖွဲကျနေသော  သူမအပေါ်ကို  ထီးမိုးပေးလိုက်သည်။
သို့သော်   ဘုန်းမြတ်ရောက်နေတာကိုပင်   သိပုံမရ   သူမရဲ့  ခြေထောက်ကို  ငုံ့ကြည့်နေသည်မို့  ဘုန်းမြတ်စိတ်ပူပြီး  မေးလိုက်သည်

"ခြေထောက်ခေါက်သွားထင်တယ် အဆင်ပြေရဲ့လား"

ဘုန်းမြတ်ရဲ့  စကားသံကို ကြား၍ပဲလား  ဘေးနားကို  တစ်ယောက်ယောက်  ရောက်လာသည်ကို 
သတိထားမိ၍ ပဲလားမသိ  ခြေထောက်ကို  ကြည့်နေရာမှ  ဘုန်းမြတ်ကို   မော့ကြည့်လာလေသည်။

ကံကြမ္မာစေရာ [OC] (Completed)Where stories live. Discover now