Ep_26

21.3K 621 18
                                    

Uni

"အကို.... ခွဲစိတ်ခန်းထဲ၀င်သွားတာ 4နာရီတောင်ရှိနေပြီ  အဆင်ရောပြေရဲ့လားမသိဘူး"

"ပြေမှာပါ မှူးရဲ့ ဒီလိုခွဲစိတ်မှုတွေက အခုလိုအချိန်ကြာတာ ပုံမှန်ပါပဲ"

"အဲ့ဒါကြောင့် အကိုအမြဲတမ်း အိမ်ပြန်နောက်ကျတာလား...."
မှူးစကားကြောင့် ခဏတာဆွံ့အ မိသွားသည်။
အလုပ်ကိုအာရုံစိုက်နေလျှင် ထမင်းမေ့ဟင်းမေ့ဖြစ်တတ်တဲ့သူ့အတွက်က အချိန်ကုန်လို့ကုန်မှန်းမသိပေမဲ့  အိမ်မှာဘုန်းမြတ်ပြန်အလာကို  အမြဲတမျှော်မျှော်စောင့်နေသော  မှူးအတွက်တော့ ဘယ်လောက်ထိ နေ့တိုင်း ဘယ်လောက်အချိန်ကြာကြာစောင့်ခဲ့ရလဲဆိုတာ  မှူးရဲ့မျက်လုံးများကတစ်ဆင့်မြင်တွေ့လိုက်ရသည်။

"အင်း...ကိုယ်တောင်းပန်ပါတယ် ဆေးရုံ ဆေးခန်းတွေမှာပဲအချိန်ကုန်ပြီး.....မှူးအတွက်အချိန်အများကြီး မပေးနိုင်ခဲ့လို့"

အကို့ရဲ့စကားကို ပြန်မပြောခင်အတွင်းမှာပဲ ခွဲစိတ်ခန်းတံခါးဖွင့်လာတာကြောင့်  နှစ်ယောက်လုံးပြိုင်တူထပြီး ဆရာ၀န်ဆီသွားလိုက်ကြသည်။

"ခွဲစိတ်မှုအခြေအနေ ဘယ်လိုလဲဆရာ"

"ခွဲစိတ်မှုက အောင်မြင်ပါတယ်....စ်ိုးရိမ်ရတဲ့အခြေအနေကိုတော့ကျော်လွန်သွားပါပြီ....ကျန်တာကိုတော့  လူနာသတိရလာမှ အသေးစိတ်ပြောပြလို့ရပါမယ်.....အဓိကက အချိန်မှီရောက်လာတာကံကောင်းသွားတာပါ...ဒီထက်နည်းနည်းလေးနောက်ကျရင်  အသက်မှီမှာတောင်မဟုတ်ဘူး"

"ဟုတ် ဆရာတို့လဲပင်ပန်းသွားပါပြီ ကျေးဇူးတင်ပါတယ်ဆရာ"

မှူးရော အကိုရော အခုမှ စိတ်အေးပြီး သက်ပြင်းချနိုင်တော့သည်။နှစ်ယောက်လုံး ရေတစ်ငုံတောင်မသောက်ပဲ  အချိန်အကြာကြီးစောင့်နေခဲ့သည်မှာ ညနေပင်စောင်းတော့မည်ဖြစ်သည်။အကို့ကိုကြည့်ပြီး လူတစ်ယောက်ရဲ့အသက်ကိုကယ်ခွင့်ရတယ်ဆိုတာ ဒီလိုခံစားမှုမျိုးပါလားဆိုပြီးတွေးရင်း ပြုံးမိလိုက်သည်။

"အကို.....ခုနက အကိုကဘာလို့တောင်းပန်တာလဲ....အကိုဒီလောက်ထိ မှူးအတွက်အချိန်တွေအများကြီးပေးနေတာကို ပြီးတော့ အကိုကမကောင်းမှုဒုစရိုက်တွေလုပ်နေတာလဲမဟုတ်ဘူး လူတွေအများကြီးရဲ့အသက်တွေကိုကယ်နေရတာကို........မှူးအကို့ကိုသဘောကျရတဲ့အကြောင်းအရင်းတွေထဲမှာ  အကိုကဆရာ၀န်တစ်ယောက်ဖြစ်နေလို့ဆိုတဲ့ အချက်လဲပါတယ်
နောက်ဆိုအဲ့လိုမျိုးမပြောပါနဲ့"

ကံကြမ္မာစေရာ [OC] (Completed)Where stories live. Discover now