Ep_25

22K 561 26
                                    

Uni

ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ကာ  သတင်းစာဖတ်ရင်း မြမှူးထွက်အလာကို စောင့်ဆိုင်းနေသည်မှာ  မနက်၉နာရီလောက်ကတည်းကဖြစ်သည်။အခု မနက်၁၀နာရီပင် ခွဲနေပြီ မှူးကအောက်ထပ်ကို အခုထိဆင်းမလာသေး။ကျောင်းပိတ်ရက်မို့ အခုထိမထသေးတာလဲ ဖြစ်နိုင်သလို  ဘုန်းမြတ်ကို  စိတ်ကောက်ပြီးလဲ ဆင်းမလာတာဖြစ်နိုင်သည်လို့  တွေးထင်မိနေသည်။အပေါ်ထပ်ကို တက်ပြီးနှိုးပြန်ရင်လဲ  ဟိုတစ်ခါကိစ္စကိုအခဲမကြေတာနဲ့ပေါင်းပြီး  ပိုဆိုးသွားမှ ဒုက္ခရောက်နေဦးမည်။တစ်ယောက်ထဲ ထိုင်မရ ထမရနဲ့ အောက်ထပ်မှာ ယောက်ယက်ခက်နေပေမဲ့  မြမှူးကတော့ သူ့ဝေဒနာကို သိလောက်မှာမဟုတ်။

တစ်ဇွတ်ထိုး လုပ်လိုက်မိတဲ့ ကိုယ့်ကိုယ့်ကို ပြန်ပြီးဆွဲထိုးချင်စိတ်သာ အခါခါဖြစ်ပေါ်နေရသည်။

"ဒီနေ့ ဆေးရုံကိုမသွားရဘူးလား"

အတွေးပေါင်း သောင်းခြောက်ထောင်နဲ့
အံတကြိတ်ကြိတ်ဖြစ်နေတုန်း  မှူးက ဘယ်တုန်းက အနောက်ကိုရောက်နေလဲမသိ။
သူ့ဘက်ကအရင် စကားစပြောလာတာကြောင့်  ဘုန်းမြတ်ရင်ထဲ ပန်းတွေပွင့်သွားသလိုခံစားလိုက်ရသည်။

"ဟုတ်တယ်..ဒီနေ့နားရက်ယူထားတာ"

"အဲ့ဒါဆိုလဲ  အကို ဒီနေ့တစ်ရက်အိမ်စောင့်နေလိုက်ဦး...မှူး ဟင်းချက်သင်တန်းကိုသွားရမှာမို့လို့"

အထင်နဲ့အမြင် တက်တက်စင်အောင် လွဲသွားသဖြင့်  ရှက်တောင်ရှက်မိသွားသည်။ဒီနေ့ နားရက်ယူထားတာကြောင့်  စိတ်ဆိုးများပြေပြီး တစ်နေရာရာကို လိုက်ပို့ခိုင်းမလို့လား တွေးနေတုန်း  အိမ်စောင့်နေလိုက်ဦး ဆိုသော စကားက ရင်ထဲကိုဆူးပြီး၀င်သွားသလို ခံစားလိုက်ရသည်။

"ကိုယ်လိုက်ပို့လို့ မရဘူးလား"

ဒီအတိုင်းတော့ ငြိမ်မခံနိုင်။မှူး စိတ်ဆိုးပြေဖို့အတွက်  အစွမ်းကုန်ကြိုးစားရမည်။အခွင့်အရေး သေးသေးလေးတောင်မှ လက်လွှတ်မခံနိုင်ပါ။

"လိုက်ပို့ချင်ရင်လဲ ပို့ပေါ့  သဘောပဲ"

မှူး  ရုပ်တည်နဲ့ပဲပြန်ပြောပြီး  ကားဘေးမှာ ရပ်စောင့်နေလိုက်သည်။သိပ်ချစ်ရတဲ့ အကိုက  မျက်နှာညှိုးငယ်နေတော့လဲ   မှူးမခံစားနိုင်ပါ။တကယ်ဆို အကိုလဲ ယောကျာ်းတစ်ယောက်ဖြစ်တာကြောင့်  သ၀န်တိုရင်လဲတိုမှာပေါ့  ဒါကိုအပြစ်ပြောလို့မရပေ။မှူးကို လိုလေသေးမရှိ တင့်တောင့်တင့်တယ်ထားတဲ့အပြင်  လိုအပ်ချက်တွေအများကြီးရှိတာတောင်မှ အပြစ်မပြောပဲ  ဒီအတိုင်း စိတ်ချမ်းသာသလိုနေခွင့်​ပေးထားသော  အကို့ကို မှူးကကျေးဇူးတောင် တင်ရပေဦးမည်။
ဟိုနေ့က စိတ်ဆိုးပြီး ပြောချင်တာတွေပြောလိုက်ပေမဲ့  အခုကျတော့လဲ အကို့အနားမှာနေချင်နေပြန်သည်။အထူးသဖြင့် ဒီနေ့လို  အကို့နားရက်တွေဆိုရင်  တစ်နေကုန် အတူရှိနေပြီး အချိန်ဖြုန်းတက်ကြတာမို့  သင်တန်းတောင်မသွားချင်တော့ပဲ  အကို့အနားမှာပဲ ကပ်တွယ်နေချင်နေမိသည်။
ဒါပေမဲ့ အခုလောလောဆယ်တော့  အကို့ကိုစိတ်ဆိုးမပြေသေးတဲ့ပုံနဲ့ ဆက်ဟန်ဆောင်နေဦးမယ်လို့ ဆုံးဖြတ်ထားသည်။တော်ကြာ မှူးကို စိတ်ပျော့တဲ့ မိန်းကလေးဆိုပြီး   နောက်စိတ်ဆိုးရင်တောင်  အရေးမစိုက်ပဲနေနေဦးမည်။

ကံကြမ္မာစေရာ [OC] (Completed)Where stories live. Discover now