1

1.4K 137 124
                                    

Unicode

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာရှေးအခါက
လူတွေရဲ့ကိုးကွယ်မှုအဖြစ်နတ်ဘုရားတွေ...

​ဇာတ်လမ်းလေးရဲ့အစကကတော့ဒီလိုပြောရမယ်ထင်ပါရဲ့

ရေနဲ့မီး
အဖြူနဲအမည်း
ကောင်းကင်နဲ့မြေကြီး
နတ်ဆိုးနဲ့နတ်ဘုရားအင်း....ဟုတ်တာပေါ့~

အချိန်ကာလအားဖြင့်ကောင်းကင်နတ်ဘုရားတွေနဲ့နတ်ဆိုးတွေကြားစစ်ပွဲတွေဖြစ်တော့မယ့်အချိန်ကာလ။

ဒီလိုအချိန်မှာကမ္ဘာလောကတခုလုံးကိုတုန်လှုပ်သွားစေတဲ့ကိစ္စကြိးတခုကပေါ်ပေါက်လာခဲ့တယ်

နတ်ဆိုးတို့ရဲ့အရှင်ဘုရင်နဲ့နတ်မင်းကြီးရဲ့ချစ်စွာသောသမီးတော်တို့ဟာချစ်ခင်စုံမက်လို့သ​ေန္ဓတည်လေရဲ့တဲ့ကွယ်

ရပ်တန့်သွားတဲ့စစ်ပွဲနဲ့ပြန်လည်ပေါင်းစည်းသွားတဲ့နတ်မျိုးနွယ်နှစ်ခုရယ်ပါပေါ့~

ဒီသ​ေန္ဓတော်ဟာမျိုးနွယ်တော်နှစ်ခုရဲ့ငြိမ်းချမ်းရေးကိုဆောင်ယူလာတဲ့အတွက်မမွေးဖွားခင်ကရင်းနတ်ဘုရားတွေအကုန်လုံးရဲ့ဆုတောင်းချီးမြောက်ပေးကမ်းခြင်းကိုခံရသပေါ့...

ကမ္ဘာမြေပထဝီကြီးတုန်ဟီးတဲ့နေ့။
နတ်ဆိုးတို့ရဲ့ဘုရင်ကြီးဟာသားတော်နှစ်ပါးရဲ့ခမည်းတော်ဖြစ်ပီဆိုပီးကြွေးကြော်သကဲ့သို့နတ်မင်းကြီးကလဲမြေးတော်နှစ်ပါးရဲ့အဘိုးဆိုပီးမျက်နှာတော်ကပြုံးရွှင်လို့...

ပျော်ရွှင်မှုတွေဟာမကြာလိုက်ပါဘဲနတ်မင်းကြီးရဲ့ချစ်လှစွာသောသမီးတော်အဖြစ်လဲနတ်ဆိုးဘုရင်ရဲ့ချစ်လှစွာသောဇနီးမိဖုရားလေးဟာနတ်သက်ကြွေလို့သွားခဲ့ပီ

နှလုံးသားမှဒါဏ်ရာဝေဒနာကိုပြင်းစွာခံစားနေရတဲ့နတ်ဆိုးဘုရင်ကြီးအဖို့နတ်မင်းကြီးရဲ့ထိုးနှက်ချက်တွေကတော့စစ်ပွဲကြီးတဖန်စတင်ဖို့အကြောင်းဖန်လာပြန်တာပေါ့

တင်းမာလှတဲ့အခြေအနေတွေဟာ၅နှစ်ကျော်မျှကြာမြင့်ပီးချိန်မှာတော့ညီအကိုနှစ်ယောက်ရဲ့ချစ်စွာသောညီအကိုသံယောဇဥ်ကြိုးလေးဟာပြတ်တောက်ဖို့ဖြစ်လာခဲ့ပြီ

SYSTEM OF TRIANGLEWhere stories live. Discover now