Arc 1.0.1

416 52 29
                                    

Unicode

'အဲ့ဆိုကျန့်တို့ပထမကမ္ဘာကိုစလိုက်ကြရအောင်လေ'

ရှောင်ကျန့်ရဲ့စကားတခွန်းအဆုံးမှာချစ်လင်ယောကျ်ား၃ယောက်သားတယောက်မျက်နှာတယောက်ကြည့်ကာအဓိပ္ပါယ်ပါပါပြုံးလိုက်ကြပီး ပထမကမ္ဘာကိုကူးဖို့Systemကိုအချက်ပြလိုက်တယ်

စူးရှလွန်းတဲ့အလင်းတန်းတခုကြက်အီးတဘွတ်စာမျှပေါ်လာပီးနောက်မှာတော့ရှောင်ကျန့်ဟာကျောင်း၀တ်စုံလေးနှင့်အတူကျောင်းဟုဆိုရမည့်နေရာတခုကိုရောက်နေပီဖြစ်သည်

ရှောင်ကျန့်ဒီဘက်ကမ္ဘာကိုအရောက်အသိ၀င်လာတဲ့ပထမဆုံးစက္ကန့်ပိုင်းအချိန်လေးအတွင်းမှာလက်သီးတစုပ်ကအရှိန်ပြင်းပြင်းအားပြင်းပြင်းနဲ့ပဲမျက်နှာနားကပ်လာနေပီဖြစ်တာမို့ အလျင်အမြန်ရှောင်ကြဥ်လိုက်ရင်းထိုသို့ရန်စလာသူကိုလက်သီးတလုံးပြန်ကျွေးလိုက်သည်

ဒီလိုကိုယ့်ကိုကိုယ်ကာကွယ်တတ်အောင်ဆိုတာဟာလဲရှောင်ကျန့်ချစ်ရတဲ့ယောကျ်ား၂ယောက်ကပဲသင်ပေးထားခဲ့တာမဟုတ်ပါလား...

ဒီလိုနေရာဒီလိုအချိန်မှာအသုံး၀င်လာခဲ့တာဟောဒီလင်၂ယောက်ကြောင့်ပေမို့၂ယောက်လုံးကိုဘသူတွေမှန်းပြန်ရှာတွေ့တဲ့အခါမှဆုကောင်းကောင်းချပစ်လိုက်ဦးမယ်ဟုသာရှောင်ကျန့်တေးထားလိုက်တော့တယ်

ကို့အတွေးနဲ့မို့စက္ကန့်ပိုင်းမျှလောက်ကြညိနူးမိသွားရင်းပတ်၀န်းကျင်ကိုမေ့လျော့သွားမိလိုက်တာ ခုသတိပြန်၀င်တဲ့အချိန်မှာရှောင်ကျန့်ရဲ့ကျောင်းအင်္ကျီအဖြူလေးကိုကြေမွသွားအောင်ဆုပ်ကိုင်ရင်းနံရံနဲ့သူ့ခန္ဓာကိုယ်ကြားမှာရှောင်ကျန့်ကိုညှပ်ထားလေပီ

'တော်တော်သတ္တိကောင်းနေတယ်ပေါ့ဟုတ်လားလင်းဝေ့ယွမ်!!'

*ငါ့မူလကိုယ်ရဲ့နာမည်ကလင်းဝေ့ယွမ်ပဲ ဝေ့ယွမ် လင်းဝေ့ယွမ်*

အောက်နှုတ်ခမ်းထောင့်စွန်းမှာသွေးစတွေနဲ့အတူထိုးခံလိုက်ရတဲ့နေရာတခွင်ဖူးယောင်နေပီဖြစ်တဲ့ထိုကောင်လေးကဒေါသတကြီးနဲ့ကို့လည်ပင်းကိုညစ်ထားလေတော့ရှောင်ကျန့်ကို့အတွေးနဲ့ကိုရီလိုက်မိတယ်

SYSTEM OF TRIANGLEWhere stories live. Discover now