Arc 1.0.2

364 42 44
                                    

Unicode

'မင်းတို့၂ယောက်...
ခုချက်ချင်းရုံးခန်းလိုက်ခဲ့'

ခပ်ပြတ်ပြတ်ပြောပီးထွက်သွားတဲ့ထိုဆရာ

ခုနကမိုက်ကြေးခွဲချင်နေတဲ့သူငယ်ကခုချိန်မှာစောနကနဲ့လားလားမျှမတူတော့သူမဟုတ်တဲ့အတိုင်း...

ဆရာစကားတခွန်း တသွေမတိမ်းနားထောင်တတ်သောကျောင်းသားတယောက်အဖြစ်စုံလုံးပြောင်းလဲသွားခဲ့ပြီဖြစ်သည် ဆရာထွက်သွားတာနဲ့နောက်ကနေရုံးခန်းကိုခပ်မိုက်မိုက်ကျောင်းလူဆိုးတယောက်ဟန်အပြည့်နဲ့တန်းလိုက်သွားတာများ အံမယ်...မျက်ထောင့်နီကြီးနဲ့ပါကြည့်သွားလေသေးရဲ့

ရှောင်ကျန့်တော့ရောက်ရောက်ချင်းရန်သူတယောက်တိုးပီထင်၏

ထိုကျောင်းသားထွက်သွားပီးမကြာခင်မှာပဲရှောင်ကျန့်လဲရုံးခန်းဆိုသည့်နေရာကိုလိုက်သွားရသည် တွေ့တွေ့ချင်းရန်ဖြစ်ထားခဲ့သူဆိုပေမယ့်ရှောင်ကျန့်ကဒီကမ္ဘာကိုခုမှရောက်တဲ့သူမို့ရုံးခန်းဆိုသည့်နေရာဟာလဲဘယ်ဆီရှိမှန်းမှမသိသည်မဟုတ်ပါလား

ရှောင်ကျန့်လဲတခြားကျောင်းသားတွေထူးဆန်းသလိုကြည့်နေတဲ့အကြည့်တွေကိုရှောင်ရှားဖို့ရာထိုနေရာမှအမြန်ထွက်လာခဲ့သည်

'ပထမကမ္ဘာကနေကြို...'

ဖြန်း!

ဟိုကောင်လေးနောက်ကနေရုံးခန်းကိုလိုက်မလို့အမြန်ထွက်လာပါတယ်ဆိုအနောက်ကနေခွေးလိုက်သလိုလျှောက်သွားတဲ့ထိုသူငယ်ကြောင့်​တစ်ဆောင်၀င်တစ်ဆောင်ထွက်နဲ့ကျောင်းတခုလုံးကိုပတ်ပီးရုံးခန်းဆိုသည့်နေရာကိုဆပ်ပြာသည်လင်ပျောက်သလိုက်ရှာနေသောရှောင်ကျန့်တစ်ယောက်မည်သူမှန်းမသိသည့်မိမိကျောဘက်ဆီမှလူတစ်ယောက်ကိုလက်ပြန်ရိုက်ချလိုက်မိသည်

*ကျောင်းဆရာများလားမသိဘူးသေလိုက်ပါတော့ရှောင်ကျန့်ရာ*

အနောက်ကိုလှည့်မကြည့်ပဲထင်ချင်ရာထင်နေသောရှောင်ကျန့်တယောက် ရိုက်ချလိုက်မိသောလူကသညကျောင်းဆရာဖြစ်နေရင်ဒီဘ၀ဒီဇာတ်တော့ဒီမှာတင်ချုပ်ငြိမ်းပီလို့တွေးနေမိသည်မှာအမှန်ပင်

You've reached the end of published parts.

⏰ Last updated: May 01, 2023 ⏰

Add this story to your Library to get notified about new parts!

SYSTEM OF TRIANGLEWhere stories live. Discover now