[7]

11K 1K 21
                                    

"ကြိုက်လား ငါ့မကောင်းကြောင်းကို
တစ်ယောက်တည်းထိုင်ပြောနေရတာ'

"ကြားသွားတာလားဟင်'

"ဒါပေါ့'

"ဘယ်..ဘယ်လိုဒီအပေါ်ကိုရောက်လာတာလဲ'

"ခိုတက်လာတာဘေးကသစ်ပင်ကနေ'

Jeon Jungkook ကသူ့ကိုသူနာမည်ကြီး
တစ်ယောက်ဆိုတာကောသိပါရဲ့လား

"အော်ငါအိပ်တော့မို့ Jungkook
မင်းဘာ..ဘာလာလုပ်တာလဲ'

"ငို‌နေသေးလားလာကြည့်တာ'

"အခုမြင်ပြီးပြီမလား
ပြန်တော့လေJungkook'

"မပြန်ပါဘူးမင်းနဲ့အိပ်မှာ'

နတ်ဆိုးဆီကကြားလိုက်ရတဲ့စကားကြောင့်
လန့်ရပြန်သည်ကထုံးစံအတိုင်း Kim Taehyung

"မ..မအိပ်ပါနဲ့
မင်းအိမ်မင်းပြန်အိပ်ပါ'

"နိုး'

*ဝုန်း*

အတင်းကို၀ရံတာလက်တန်းကနေသူ့အခန်းထဲ
ခုန်ချလာကာ သူ့ကိုကျော်ပြီးသူ့အိမ်သူရာလို
၀င်‌သွားသော Jeon Jungkook

"ဒါမင်းအိပ်ရာမလား'

သူ့ကုတင်ရှေ့ရပ်ပြီးဒါမင်းအိပ်ရာလား
မေးတဲ့Jeon Jungkook ကရူးနေတာလား

"ငါ့အိပ်ရာလေ'

"မင်းမန်နေဂျာကကော'

"ငါတို့ကအတူတူနေတာမှမဟုတ်တာ
ငါတစ်ယောက်တည်းနေတာဒီတိုက်ခန်းမှာက'

"အော်..'

Kim Taehyung စကားကြောင့်
ပြုံးယောင်သန်းသွားသည်က Jeon Jungkook
နတ်ဆိုးကခန့်မှန်းရခက်တယ်

"ပြန်..ပြန်ပါတော့လား
ငါတစ်ယောက်တည်းအိပ်ချင်တာ'

"ငါ့စကားကိုလွန်ဆန်နေတာလား
Kim Taehyung '

"မ..မဟုတ်'

*အင့်*

Taehyung ကိုကုတင်ပေါ်လှချပြီး
အပေါ်ကအုပ်မိုးလိုက်တဲ့ နတ်ဆိုး

"ဒီပါးစပ်လေးတွေက ငါ့စကားကိုလွန်ဆန်
ဖို့ပြောရဲတာပေါ့'

သူ့နှုတ်ခမ်းကို စေ့စေ့ကြည့်ကာပြောနေသည့်
နတ်ဆိုး..သူတဖြည်းဖြည်းပိုပိုကြောက်လာမိသည်

𝐌𝐕 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now