အပိုင်း(၁၆)

447 54 0
                                    

အခန်း(၁၆) တန်ဆာဆင်ခြင်း

"Full package အတွက် ဘာပစ္စည်းတွေရှိလဲ" ကျန်းဟန်မေးလိုက်သည်။

ပြင်ဆင်မွမ်းမံခြင်းနှင့် ပက်သက်ပြီးတော့ သိပ်မသိသော်လည်း အညာမခံရဖို့တော့ လုံလောက်အောင်သိရှိပေသည်။

"ကျွန်တော်တို့ကုမ္ပဏီက ရှီလုံ ပြင်ဆင်မွမ်းမံရေးဈေးမှာ အရောင်းဆိုင်တွေရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံတကာအမှတ်တဆိပ် နည်းနည်းပါးပါးနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ ဘယ်လိုအလှဆင်ပစ္စည်းမဆို ကျွန်တော်တို့ဆီမှာရှိပါတယ်။ နောက်ပြီး ဆိုင်တွေကနေ ဝယ်တာထက် ဈေးပိုသက်သာပါမယ်" ကျောက်ခိုက်ပြန်ပြောလိုက်၏။

ထိုအခြေအနေမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိပေသည်။ ကျောက်ခိုင်၏ကုမ္ပဏီသည် ပစ္စည်းများကို လက်ကားဈေးဖြင့် ဝယ်ပြီး ဝယ်သူများအား သင့်တင့်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။ ဤနည်းဖြင့် ကုမ္ပဏီသည် ငွေရှာနိုင်ပြီး ဝယ်သူများလည်း ပိုက်ဆံချွေတာနိုင်မည်ဖြစ်သည်။

မှန်ပေသည်။ ဒီလိုအခြေအနေမျိုးမှာ အလုပ်လုပ်သည့်အတွက် ကုမ္ပဏီ၏ အတွင်းပိုင်း အရည်အသွေးမှာလည်း အရေးကြီးသည်။ ကုမ္ပဏီက ပစ္စည်းအတုများနှင့် အစားထိုးပါက ဝယ်သူမှာ ဒုက္ခများပေလိမ့်မည်။

"ဒါဆို ကျွန်တော် Full package ပဲယူလိုက်ပါမယ်" ကျန်းဟန် ခေါင်းညိတ်လိုက်သည်။

အဲ့ဒါကိုကြားတော့ ကျောက်ခိုင်ရဲ့ အပြုံးက ပိုမိုပီပြင်လာသည်။ လူငယ်၏လက်မှ အိုင်ပတ်ကိုယူကာ ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်လိုက်ပြီး "မစ္စတာကျန်းက ဘယ်လိုပုံစံ ပြင်ဆင်ချင်လဲမသိဘူး။ ဒါတွေက ကျွန်တော်တို့ကုမ္ပဏီရဲ့ ပြင်ဆင်မှု နမူနာတချို့ပါ။ ခင်ဗျား ဆုံးဖြတ်ပြီးသွားရင် ဒီနေ့ပြန်သွားပြီးတဲ့အခါ ခင်ဗျားလိုချင်တဲ့အတိုင်း ဒီဇီုင်းဆွဲပေးဖို့ ခင်ဗျားရွေးချယ်ခွင့်ရှိပါတယ်"

မန်နေဂျာမား ဖုန်းခေါ်ပြီး ထွက်သွားစဉ် ကျန်းဟန်သည် အိုင်ပတ်ပေါ်ရှိပုံများကို စတင်ကြည့်ရှုခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now