အပိုင်း(၁၇)

442 51 0
                                    

အပိုင်း(၁၇)မုန့်မုန့်ရဲ့ ဖိတ်ကြားချက်

ဟိုတယ်ဧည့်ကြိုကောင်တာရှေ့တွင်

"ကျွန်တော့်ကို အထူးဗွီအိုင်ပီခန်း..." ကျန်းဟန် သူပြောချင်တာကို ခနရပ်တန့်လိုက်ပြီး "ပုံမှန် အခန်းတစ်ခန်းပေးပါ" ဟု ပြန်ပြောလိုက်၏။

ဘာကြောင့်လဲဆိုတော့ သူ့မှာ ပိုက်ဆံတော်တော်ထပ်ကုန်နေလို့ပင်ဖြစ်သည်။

စုစုပေါင်း ယွမ် ၁၉.၆ သန်း။ တောင်ငှားရမ်းခ ယွမ် ၁၂ သန်း ကို ဖယ်လိုက်ပင် ယွမ် ၇.၆ သန်း ကျန်ပါသေးသည်။။

အိမ်ငှားခက ယွမ် ၃ သန်း၊ အလုပ်သမားခက ယွမ် ၅ သိန်း၊ ကြွေပြားတွေက ယွမ် ၅ သန်း၊ ဖြည့်စွက်ပစ္စည်းတွေအတွက်က ယွမ် ၃ သိန်း၊ တီဗွီကပ်နံရံအတွက်က ယွမ် ၁ သန်း၊ ပရိဘောဂအတွက်က ယွမ် ၅ သိန်း၊ စန္ဒယားအတွက်က ယွမ် ၁.၁ သန်း အားလုံးပေါင်း ၁၉.၆ သန်း။ ကျန်းဟန် မနက်ဖြန် လခြမ်းတောင်အတွက် စာချုပ်ချူပ်ပြီးပါက ယွမ် ၇ သန်းလောက်ကျန်ဦးမည်။ အထူးဗွီအိုင်ပီခန်းမှာနေဖို့အတွက် ပိုက်ဆံမလောက်တော့ချေ။

"ခစ်ခစ်.."

ကျန်းဟန်ကို လက်ခံဆောင်ရွက်ပေးနေတဲ့ ဧည့်ကြိုမိန်းကလေး မနေနိုင်ပဲ ရယ်လိုက်၏။ အခန်းကတ်ကို ကျန်းဟန်အား ပြုံးပြီးပေးရင်း " ဒီမှာ ရှင့်ရဲ့ အထူးဗွီအိုင်ပီအခန်း" လို့ပြောလိုက်သည်။

ကျန်းဟန် ရယ်မောနေသည့် မိန်းကလေးကို တစ်ချက် စိုက်ကြည့်လိုက်သည်။

ဟိုတယ်ရဲ့စည်းမျဉ်းတွေအရ ဧည့်ကြိုဝန်ထမ်းက ဤကဲ့သို့ရယ်မောခြင်းကို ခွင့်မပြုသင့်ပေ။

ဧည့်ကြိုမိန်းကလေးက ဘဝအတွေ့အကြုံရရှိဖို့ ဒီနေရာမှာအလုပ်လာလုပ်တဲ့ မိသားစုကြီးတစ်ခုက သခင်မလေးတစ်ဦးဖြစ်မယ်လို့ သူခန့်မှန်းလိုက်သည်။။

အခန်းကတ်ကို ယူလိုက်ပြီးနောက်ကျန်းဟန် ညစာစားရန် စားသောက်ဆိုင်သို့ သွားလိုက်သည်။

အချိန်က ည ၇ နာရီရောက်သည့်အခါ လျူမုံ့သည် ကျန်းဟန်ကို ဖုန်းဆက်ပြီး မနက်ဖြန် မနက် ၉ နာရီတွင် တောင်ငှား စာချုပ်ချုပ်ဆိုရန် အကြောင်းကြားခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now