အပိုင်း(၁၈)

445 52 0
                                    

အပိုင်း(၁၈) အချိန်ကျပြီ

"ဘယ်သွားကစားကြမှာလဲ" ဇီယန်မေးလိုက်သည်။

"သမုဒ္ဒရာပန်းခြံကို သွားကြမယ်။ ဖေဖေကပြောတယ် ဒမုဒ္ဒရာပန်းခြံမှာ ငါးတွေအများကြီးရှိတယ်တဲ့။ ပြီးတော့ ချားရထားနဲ့ ကေဘယ်ကား လည်းစီးလို့ရသေးတယ်" မုန့်မုန့်သည် မျက်နှာထက်တွင် မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။

"အိုး" ဇီယန် သူမ၏အတွေးများပျောက်သွားပြီး စိတ်ရှုပ်စွာဖြင့် တုံ့ပြန်လိုက်သည်။

မူလက ကျိုးဖေးနှင့် သူမတို့ မုန့်မုန့်နှင့်လိုက်ပြီး ဆော့ကစားရန်ရည်ရွယ်ထားသည်။ သို့သော် ကျန်းဟန်လည်း ပါလာတာကြောင့် မိသားစုလိုက်လျှောက်လည်သည့်ပုံ ပေါက်သွားသည်။

ဒါကို မိသားစုတစ်ခုအဖြစ် ထည့်ထွက်လို့ရမလား...

ဖြစ်ကောင်းဖြစ်နိုင်သည်။

ဇီယန် ဘာလုပ်ရမည်မှန်းမသိတော့ပေ။ သူမ ကျန်းဟန်ကို မည်သို့ဆက်ဆံရမည်မသိ။ သို့သော် အခုချိန်မှာတော့ သူမ ကျန်းဟန်ကို ဆက်ဆံပုံမှာ အခြားသူများအားဆက်ဆံပုံနှင့် မတူသည်ကို သူမသိသည်။ မဟုတ်ပါက ကျန်းဟန်ကို စိတ်ဆိုးဒေါသထွက်မည်မဟုတ်ချေ။

ဇီယန် ခေါင်းခါလိုက်ပြီး သည်အကြောင်းတွေကို ဆက်မတွေးတော့။ မုန့်မုန့်နှင့် ခဏတာ ကစားပြီးနောက် အနားယူချိန်ရောက်လာသည်။

မုန့်မုန့်အိပ်ယာမဝင်မီတွင် သူမလေးသည် မိသားစုလိုက်လျှောက်လည်ရမည်ကို မျှော်လင့်နေဆဲဖြစ်သည်။ မုန့်မုန့် တခစ်ခစ်ရယ်နေပြီး သူမလေး၏ စိတ်လှုပ်ရှားနေသည့် အမူအရာကို ကြည့်ရုံဖြင့် ဒါကို သိနိုင်သည်။

ဖေဖေ နဲ့ မေမေက သူမနဲ့ အတူလိုက်ပါပြီး ဆော့ကစားသည့်အချိန်များသည် သူမလေး၏ အပျော်ဆုံးအချိန်များပင်ဖြစ်သည်။

ည ၁၁ နာရီထိုးခါနီးတွင် ကျောက်ခိုင်သည် စားသောက်ဆိုင်၏ မတူညီသော အတွင်းပိုင်း သရီးဒီပုံ ငါးခုကို ကျန်းဟန်ထံသို့ ပို့လိုက်သည်။ ကျန်းဟန် အကြိုက်ဆုံးတစ်ခုကို ရွေးလိုက်ပြီးနောက် မနက်ဖြန်တွင် ပြင်ဆင်မွမ်းမံခြင်း စတင်တော့မည်ဖြစ်ကောင်း ကျောက်ခိုင် က ပြန်လည်ပြောကြားခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now