အပိုင်း(၁၉)

438 54 0
                                    

အခန်း(၁၉)နယ်မြေပြန်လည်မွမ်းမံခြင်း

ယန်မိုးကြိုးသစ်ပင် ကြီးထွားလာပြီးသည့်အချိန်တွင် ၎င်း၏အမြစ်များသည် လခြမ်းတောင်တစ်ခုလုံးကို သိမ်းပိုက်သွားမည်ဖြစ်သည်။ သို့သော် ယခု အချိန်တွင် ကိုယ်ပိုင်နယ်မြေကို ပြန်လည်တည်ဆောက်ရေး စတင်နေပြီဖြစ်သည်။

လခြမ်းတောင်၏အလယ်ဗဟိုရှိ ကျဉ်းမြောင်းသောနေရာလေးတစ်ခုတွင် ကျန်းဟန်လိုအပ်သော စိတ်ဝိညာဉ်ရေကန်လေးတစ်ခုရှိသည်။

ထို့ကြောင့် ယန်မိုးကြိုးသစ်ပင်၏အမြစ်များသည် အဆက်မပြတ်တုန်ခါသွားသည်မှာ ရေဘဝဲတစ်ကောင် သူ၏လက်တံများကို ဝှေ့ယမ်းလိုက်သည်နှင့် တူနေသည်။

သစ်မြစ်များသည် ယန်မိုးကြိုးသစ်ပင်အောက်သို့ ရွှေ့လျားသွားကြသည်။ အခြားသစ်မြစ်များသည် မြေအောက်လိုက်ခေါင်းများဖွင့်ထားသကဲ့သို့ ၎င်းတို့သည် မြေအောက်အတွင်း၌ အကြွင်းမဲ့တုန်ခါနေကြသည်။ မကြာမီတွင် လခြမ်းတောင်အတွင်းပိုင်း၌ အကွေ့အကောက်များဖြင့် စင်္ကြန်ပုံသဏ္ဍာန်နေရာတစ်ခုကို တည်ဆောက်ခဲ့သည်။

"စုပ်ယူစမ်း"

ယန်မိုးကြိုးသစ်ပင်၏ အကိုင်းအခက်တစ်ခုသည် စိတ်ဝိညာဉ်ရေကန်ထဲသို့ တိုးဝင်သွားပြီး စိတ်ဝိညာဉ်ရေများကို စုပ်ယူသည်။

ပြီးနောက် ကွေ့ကောက်သောစင်္ကြန်ပုံစံလှိုင်ဂူအတွင်းရှိ သစ်မြစ်များသည် ရုတ်တရက် ရေများပန်းထွက်လာသည်။

ခဏအကြာတွင် ကွေ့ကောက်သောစင်္ကြန်ပုံစံလှိုင်ဂူကြီးတစ်ခုလုံး စိတ်ဝိညာဉ်ရေများဖြင့် ပြည့်နှက်သွားသည်။ ယန်-မိုးကြိုးသစ်ပင်အောက် သစ်မြစ်များအကြားမှ ရေများ ဖြည်းညှင်းစွာ ကျဆင်းလာသည်။ ရေစက်လေးများသည် နို့နှစ်ရောင်ရှိပြီး တောက်ပြောင်နေသည်။

ဤရေသည် စိတ်ဝိညာဉ်ရတနာအဖြစ်ရပ်တည်နေသည့် သန့်စင်သောယန်ရေစင်ဖြစ်သည်။

"မြင့်တက်စမ်း" ကျန်းဟန်၏နှုတ်မှ စကားတစ်ခွန်းထွက်လာသည်။

ချက်ချင်းပင် ယန်မိုးကြိုးသစ်ပင်သည် စတင်လည်ပတ်သည်။ လခြမ်းတောင်ထိပ်တွင် မတ်စောက်သော မြေပြင်များအားလုံးသည် အပေါ်သို့ကြွတက်လာသည်။ ချောချောမောမောပြီးသွားသည်နှင့် အားလုံးရပ်တန့်သွားသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now