အပိုင်း(၂၀)

470 53 0
                                    

အခန်း(၂၀) - ချီသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း

ယခင်က တောင်ရှေ့ရှိ ပန်းများမှာ ပွင့်ပြီးလျှင် ညှိုးနွမ်းလွယ်သည်။ ယခုမူ ဖီးနစ်ငှက် ပြန်လည်မွေးဖွားလာသကဲ့သို့ ပန်းများမှာ ပိုမိုအသက်ဝင်လာသည်။

နောက်တစ်ကြိမ်ပြန်ပွင့်လာပြီးနောက် ပန်းများ၏အရောင်အသွေးမှာ ပိုမိုလှလာပြီး ပုံသဏ္ဍာန်မှာလည်း ပိုမိုပြီးပြည့်စုံလာလေသည်။

ပန်းခက်များသည် အလွန်လှပပြီး လူတိုင်း၏အကြည့်ကို ဆွဲဆောင်နိုင်သည်။

"အခုတော့ အသားမြက်ကို ကိုင်တွင်ဖို့ပဲကျန်တော့တယ်"

ကျန်းဟန်၏ အသိစိတ်သည် လှုပ်ရှားလာသည်။ ယန်မိုးကြိုးသစ်ပင်၏ ပင်စည်အတွင်း၌ အသားမြက် မျိုးစေ့တစ်တစ်တွဲသည် မွေးမြူရေးနယ်မြေနှင့် အိမ်မွေးတိရစ္ဆာန်ဧရိယာသို့ တရွှီရွှီအသံများဖြင့် ပျံသန်းလာကြသည်။

အသားမြက်အစေ့များသည် ဧရိယာနှစ်ခုလုံး၏အတွင်းဘက်ခြမ်းသို့ ကျရောက်သွားသည်။ အစေ့များ မြေကြီးထဲ စိုက်လိုက်သည်နှင့် နှစ်စက္ကန့်အတွင်း မြေပြင်မှ ပေါက်ထွက်လာပြီး ငါးစက္ကန့်အကြာတွင် မြက်ပင်တစ်ပင်စီ၏ထိပ်တွင် ‌ဂေါ်လီလုံးခန့်ကြီးသည့် အဖြူရောင်အဖူးလေးများ ဖြစ်ပေါ်လာသည်။

အဝေးမှလှမ်းကြည့်ပါက အသားမြက်ပင်များမှာ ဂျုံနှံ့များနှင့် တူသည်။

အသားမြက်သည် အဆင့် ၁ စိတ်ဝိညာဉ်ရတနာများတွင် ပါဝင်ပေသည်။ အသားမြက်၏ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ၏ အစာအဖြစ်အသုံးပြုရန်ဖြစ်သည်။ ၎င်းကိုစားသည့်အခါ အသီးအရွက်ကဲ့သို့ အနံ့သာထွက်ပါသည်။ သို့သော် ဝါးလိုက်သည့်အခါတွင်တော့ အသားကဲ့သို့ အရသာရှိသည်။ အနည်းငယ်ဝါးပြီးနောက် အရသာမှာ ဝက်သားနီစွပ်ပြုတ်အရသာ အနည်းငယ်ရှိသည်။

ကျန်းဟန် သိချင်စိတ်ကြောင့် မြက်ပင်ကို မြည်းကြည့်လိုက်သည်။

(ဝက်သားနီစွပ်ပြုတ်အရသာဆိုတော့ ခင်ဗျားတို့လည်း မြက်စားချင်သွားပြီမလား)

အသားမြက်ကို စိုက်ပြီးသွားနောက် ပထမအကြိမ်နယ်မြေပြောင်းလဲခြင်းမှာလည်း ပြီးဆုံးသွားခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now