အပိုင်း(၂၃)

440 52 1
                                    

အခန်း(၂၃)လခြမ်းတောင်ပေါ်သို့ ညပိုင်းခရီးစဉ်

မြို့တစ်မြို့လုံးကို ကျရှုူံးသွားအောင် စွမ်းဆောင်နိုင်တဲ့ အလှတရားရှိသည့် မိန်းမချောလေးတစ်ယောက်သည် မိတ်ကပ်လိမ်းရန် မလိုအပ်ပေ။ လှပရန်အတွက် မိတ်ကပ်လိမ်းရန် လိုအပ်သည့်သူကိုလည်း စစ်မှန်သည့် မိန်းမလှလေးဟု မခေါ်ဆိုနိုင်ပေ။

မိတ်ကပ်အကြောင်းကြားသည့်ခါ ဇီယန်ချက်ချင်းဒေါသထွက်သွားပြီး "ရှင် ကျွန်မပါးပေါ်က မိတ်ကပ်အကြောင်းပြောရဲသေးတးယ်ပေါ့။ ပုံမှန်ဆိုရင် ကျွန်မက မိတ်ကပ်ပါးပါးပဲလိမ်းတာ ပြီးတော့ သုံးတဲ့အလှကုန်တွေကလည်း အဆင့်မြင့် နိုင်ငံတကာအမှတ်တံဆိပ်တွေပါ၊ ကျွန်မမိတ်ကပ်လိမ်းထားလို့ ကျွန်မကို မနမ်းဖို့ မုန့်မုန့် ကို ပြောထားတယ်မလား။ အဲ့ဒါဘာအဓိပ္ပာယ်လဲ"

ဇီယန်သည် သူကိုအပြစ်ရှာရန် ရည်ရွယ်နေသည်ကို မြင်သောအခါ ကျန်းဟန် ခေါင်းခါလိုက်သည်။ မိန်းကလေးတစ်ယောက်နှင့်ငြင်းခုန်ရန်ပျင်းလွန်းသဖြင့် သူသည် မထူးမခြားလေသံဖြင့်ပြောလိုက်သည်။

"စားရအောင်၊ စားပြီးရင် တောင်ပေါ်ပန်းခြံကို သွားကြမယ်"

"ဟမ့်"

ဇီယန် အနည်းငယ်နှာခေါင်းရှုံ့လိုက်ပြီး သူမရှေ့ရှိ အရသာရှိသော စားသောက်ဖွယ်ရာများကို စတင် စားသောက်လိုက်သည်။

သမုဒ္ဒရာပန်းခြံတွင် ပန်းခြံကြီးနှစ်ခုရှိပြီး တောင်အောက်ခြေရှိ ပင်လယ်ကမ်းစပ်ပန်းခြံနှင့် တောင်ထိပ်ပေါ်ရှိ တောင်ပါ်ပန်းခြံဖြစ်သည်။

စားသောက်ပြီးသောအခါ မိသားစုသုံးယောက်သည် တောင်ထိပ်သို့သွားရန် ကေဘယ်ကားပေါ်တွင်ထိုင်လိုက်ကြ၏။ တောင်ထွတ်ပန်းခြံတွင် တစ်နေ့လည်ခင်းလုံး ကစားကြသည်။

ကြည်ပြာသော မိုးကောင်းကင်ကြီးသည် တဖြည်းဖြည်းမှောင်မိုက်လာသည့်အခါ မိသားစုသုံးယောက်တို့သည် သမုဒ္ဒရာပန်းခြံမှ ပြန်လာခဲ့ကြသည်။

ခြုံငုံပြောရလျှင် ယနေ့အပြင်ထွက်ခြင်းသည် အပြည့်အဝပျော်ရွှင်ခဲ့ရပြီး ဇီယန်၏ အလုပ်ကြောင့် ပင်ပန်းနွမ်းနယ်မှုများနှင့် တောင့်တင်းနေသောအာရုံကြောများ ပြေလျော့သွားခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now